မြန်မာတပ်စခန်းအတွက် ရွာသားများအား သောက်သုံးရေ နေ့စဉ် ခပ်ပေးခိုင်း



သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင်(ဝ်)ကျေးရွာအုပ်စု နမ့်လောဝ်းရွာသားများက မြန်မာတပ်စခန်းအတွက် နေ့စဉ် သောက်သုံးရေ သွားခပ်ပေးနေရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရပါသည်။


“ဗမာစစ်သားတွေ စခန်းတဲ့ နေရာက ရေမရှိဘူးလေ။ ရွာသားတွေကို လုပ်အားပေး ခပ်ပေးခိုင်းတော့  အလုပ်ပျက် အကိုင် ပျက် ဖြစ်ရတော့တယ်။ နေ့တိုင်း အလှည့်ကျ ဆိုင်ကယ် ၅ စီးနဲ့ပေါ့။ ပြီးခဲ့တဲ့လကတည်းက လုပ်ပေးနေရတာ။ ဒီလလဲ မရပ်သေးဘူး။ ဒီမိုကရေ စီလို့သာ ပြောတယ်။ ဒီလိုအဓမ္မ ခိုင်းစေမှုတွေက ရှိနေတုန်း” ဟု လားရှိုးရောက် နမ့်လောဝ်းဒေသခံ တဦးက ပြောပါသည်။

မိုင်းကောင်(ဝ်)ကျေးရွာအုပ်စု နမ့်လောဝ်းအခြေစိုက် ခလရ ၆၇ က နမ့်လောဝ်းအရှေ့ဘက် ၂ မိုင် ခန့်အကွာ လွယ်မုံမိဏ်းတောင်သို့ ပြောင်းရွှေ့သွားကြောင်း၊ စစ်အင်အားမှာ ၆၀ ကျော်ရှိကြောင်း သိရပါသည်။

ထိုသို့မြန်မာစစ်တပ်လှုပ်ရှားသွားလာနေမှုကြောင့် ဒေသတွင်းစခန်းချ အစိုးရစစ်ကြောင်းများ ကလည်း ရွာသားများအပေါ်တင်းကျပ်မှုများပိုရှိလာကာ ၁၀ မိုင်အကွာရှိလယ်ယာမြေများသို့သွား ရောက်လုပ်ကိုင်လိုပါကလည်း အစိုးရစစ်တပ်အား အကြောင်းကြားရကြောင်း၊ ထို့ကြောင့် ရွာသားများမှာ တခြားသို့ပြောင်းရွှေ့သွားကြသည်များလည်းရှိကြောင်း တန့်ယန်းရောက် မိုင်းကောင်ဝ်ဒေသခံတဦးကပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates