ပေါင်းသတ်ဆေး ပိုးသတ်ဆေးကြောင့်ဆေးရုံမှာကုသခံလူနာများလာ



သို့- သျှမ်းသံတော်ဆင့်မှတဆင့်

ဒီလိုမိုးတွင်းရောက်လာလို့တောင်သူလယ်သမားတွေ အလုပ်ဝင်ချိန်ဆိုလျင် ဆေးရုံမှာလဲ ပေါင်းသတ် ဆေး ကြောင့်ဆေးရုံမှာကုသခံရတဲ့လူနာတွေများများလာပါတယ်။

တောင်သူလယ်သမားတွေကပေါင်းသတ်ဆေးသုံးတဲ့ချိန်မှာ နှာခေါင်းစွပ်တွေ လက်အိပ်ခြေအိပ် တွေမသုံးဘဲ ပေါင်းသတ်ဆေးတွေပိုးသတ်ဆေးတွေကိုဒီတိုင်းဖျန်းတာတွေ့ရပါတယ်။

အဲ့ဒါကြောင့်ပေါင်းသတ်ဆေး ပိုးသတ်ဆေးရဲ့အငွေ့တွေ အမှုံ့လေးတွေဟာ နှာခေါင်းကနေ ပါးစပ်ကနေ ၀င်ပြီး အဆိပ်သင့်တာကိုမသိကြပဲ  ပေါ့ပေါ့ဆဆ ဖျန်းနေတာတွေ့ရပါတယ်။ တစ်ချို့ဆိုရင်ခြံတွင်းမက လမ်းမှာလဲ ပေါင်းသတ်ဆေးကို ဖျန်းတာတွေ့ရပါတယ်။ အဲ့ဒါကိုကလေးတွေက မသိလို့ပေါင်းသတ် ဆေးဖျန်းထားတဲ့ မျက်ပင်ပေါ်ကိုထိုင်လိုက် ပြေးလိုက်လုပ်တာတွေ့ရပါတယ်။ တစ်ချို့ကလေးမှာ အနာ ဖုနည်းနည်းကလေးကနေအနားကြီးကြီးဖြစ်လာတာတွေ့ရပါတယ်။တစ်ချို့မှာလဲအသားတွေဖြူလာပြီးသွေးအားတွေနည်းလာသလိုလိုပုံစံမျိုးတွေ့ရပါတယ်။

တစ်ချို့လူနာလဲ ဆရာဝန်ကိုပြတော့ ပေါင်းသတ်ဆေးနဲ့ ပိုးသတ်ဆေးကြောင့်ဖြစ်တာများတယ် လို့ဆရာဝန် ကိုယ်တိုင် လည်းပြောပါတယ်။ သတိပေးပါတယ်။

ဒါပေမယ့်တစ်ချို့ရွာသူရွာသားတွေကတော့မယုံသေးတဲ့ အတွက် RFA ရှမ်းတိုင်းရင်းသားစီအစဉ်မှ တစ်ဆင့် ရွာသူရွာသားများကြားသိအောင် ကြေငြာပေးပါရန် တောင်းဆိုချင်ပါတယ်။ သျှမ်းသံတော်ဆင့် မှတဆင့် အနူးညွတ်တင်ပြတောင်းဆို လိုက်ပါတယ်ခင်ဗျာ။

လေးစားစွာဖြင့် ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်က
ဒေသခံတစ်ဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates