အစိုးရထံမှ ပါမစ်ရ သစ်ထုတ်ကုမ္မဏီ၏ကားများကြောင့် ကျိုင်းတောင်း-နမ့်ဇန်လမ်းပျက်စီး



သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် သစ်လုံးထုတ်ယူခွင့်ကို ပုဂ္ဂလိက ကုမ္မဏီများအား အစိုးရက တန်ချိန် ၇၀၀၀၀ ကျော် ထုတ်ယူခွင့်ပေးထားသည်ဖြစ်ရာ ဒေသအတွင်း ကျဉ်းမြောင်းသော လမ်းမှာ ပိုမို ပျက်စီး နေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
wood from KTသျှမ်းပြည်တောင်ပိုင်းမှ သစ်မာများ ခုတ်ဖြတ်ခံရဆဲ (ဓါတ်ပုံ-NNT facebook)

“ သစ်လုံးတန်ချိန် ၇၁၅၀၀ ထုတ်ခွင့်ပေးတယ်လေ။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ထဲကနေ ခွင့်ပြုလိုက်တာ ။ ပြီးခဲ့တဲ့ မတ်လကနေ လာမယ့်ဂျွန်လအထိ ၃ လ အတွင်း အပြီးထုတ်ယူဖို့အချိန်ပေးထားတယ်။ အခု ကုမ္မဏီ အသီးသီးက ကိုယ့် ခွဲတမ်းပြည့်ဖို့ အပူတပြင်းသယ်ထုတ်နေကြတာကြောင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘာမှ မလုပ်ပေးအားဘူး” ဟု ကျားဖြူပါတီအမတ်များကပြောပြကြောင်း ရင်းနှီးသည့် ကုန်သည် တဦး ကပြောသည်။

ကျိုင်းတောင်းမြို့တွင်းက သစ်လုံးများအား မိုင်းပန်- လင်းခေး- မိုးနဲမှ  နမ့်ဇန်မြို့သစ်ကွင်းသို့ သယ်ထုတ် နေကြသည်မှာ တန်ချိန်ပို သစ်တင်ကားများကြောင့် ကားလမ်းများပျက်စီးကုန်ကြောင်း၊ အဆိုပါကားများမှာ နေ့ညမနား သယ်ယူတင်ပို့နေသောကြောင့် လမ်းတလျှောက်ရှိဒေသခံလူထုနှင့်  သာမာန်ခရီးသွားပြည်သူ များအတွက် အနှောင့်အယှက်ဖြစ်နေရကြောင်း မိုင်းပန်နှင့်လင်းခေးမြို့နေ ဒေသခံများကပြောပါသည်။

သစ်ထုတ်ခွင့် ပါမစ်ရ ကုမ္မဏီများမှာ IGE ကုမ္မဏီ၊ ဦးစိုးလွင်၊ တင်မြင့်ရီ ကုမ္မဏီတို့အပြင် လက်နက်ကိုင်တပ်ဖွဲ့ များ၏ ကုမ္မဏီများလည်း ပါဝင်ကြောင်းဒေသတွင်းကဆိုပါသည်။

သစ်ထုတ်လုပ်မှုကြောင့်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးအစရှိသည်တို့ ပြုလုပ်ပေးမည်ဟု ပြောဆိုထားသော်လည်း ယခုတိုင် မတွေ့ရသေး ဟုလည်း ကျိုင်းတောင်းမြို့ခံများကပြောပါသည်။
teak carry carသျှမ်းပြည်မြောက်ပိုင်းတွင်တွေ့ရသော သစ်တင်ကားများ( ဓါတ်ပုံ- facebook)

“ ကားလမ်းတွေက ၁၂ ပေဘဲကျယ်တယ်လေ ။ အဲတာတွေ ပိုပျက်စီးနေတော့ တောင်ကြောတွေမှာ တစီးနဲ့ တစီးရှောင်ရင်တောင် စိုးရိမ်နေရတဲ့အနေအထားဖြစ်နေတယ်။ တံတားတွေကလဲ တံတားဟောင်းဆိုရင် ဒုတိယ ကမ္ဘာစစ်ကတည်းက တံတားဖြစ်နေတော့ ဘယ်တော့ကျိုးမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ပေါ့ဗျာ။ တံတားခံ နိုင်ရည်က ၁၃ တန်ဘဲလေ။ တံတားသစ်ဆိုရင် အစိုးရပြင်ထားတာ ပျက်လိုက်ပြင်လိုက်နဲ့ ခိုင်ခိုင် ခန့်ခန့်ဆိုတာ မရှိသလောက်ဘဲ” ဟု ဆိုပါသည်။

ကျိုင်းတောင်းရှိသစ်များကို ယခင်ကတည်းက သစ်ထုတ်ခွင့်ပါမစ်ရ မဟာကြာ၏ အက်စ် သုံးလုံးကုမ္မဏီ၊ စိုင်းနော်ခမ်း(ကျိုင်းတောင်း)၏ ထွန်းထွန်းမြတ် ကုမ္မဏီနှင့် တောင်ကြီးမှ တရုတ်လောပန်းအဖွဲ့များက ထုတ်ယူ လျှက်ရှိနေသည်မှာ သစ်များ ကုန်သလောက်ရှိနေပြီဖြစ်ကြောင်း ကျိုင်းတောင်း ဒေသခံများက ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates