ဟိုတယ်ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းပေးပါရန်
သျှမ်းသံတော်ဆင့်မှ ရင်ဖွင့်ပါရစေခင်ဗျား
ကျနော်တို့ သျှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ အမှတ်(၁၀) ရပ်ကွက်ရှိရှေးဟောင်းသမိုင်းဝင်
ဂြိုလ်ပြေရန်ပြေဆုတောင်းရစေတီတော်၏ အရှေ့တည့်တည့်တွင် (Dream Villa) ဟိုတယ်
ပိုင်ရှင် ဦးမော်စီမှ (၃)ထပ်ဟိုတယ်တစ်လုံးကိုတည်ဆောက်နေပါသည်။
ထိုဟိုတယ်ဆောက်လုပ်မှုအား ဟိုတယ်ဆောက်လုပ်ခွင့် အမိန့်မရှိသောကြောင့် ဂြိုလ်ပြေရန်ပြေ ဆုတောင်း ရစေတီတော်ဂေါပကအဖွဲ့နှင့်မြို့နယ်စည်ပင်သာယာရေး ဌာနမှ လာရောက်ကန့်ကွက်ခဲ့ပါသည်။
သို့သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်မည်သို့ မည်ပုံ ပြုလုပ်လိုက်သည်ကို မသိရပါ။ ကန့်ကွက်ပြီးတစ်ပတ်ခန့်အကြာတွင် (၃)ထပ်ဟိုတယ်ဆောက်လုပ် ခြင်း လုပ်ငန်းမှာပြန်လည်ဆောင်ရွက်နေပါသည်။
ထို့ကြောင့် စေတီတော်၏အရှေ့မျက်နှာစာဘက် ပိတ်ကာလျက် (၃)ထပ်ဟိုတယ်ဆောက်လုပ်ခြင်း ကို ရပ်ဆိုင်းပေးနိုင်ရေးအတွက်အကူအညီပေးကြပါရန်ဘာသာသာသနာ အကျိုးမျှော်၍ တင်ပြအပ်ပါသည်။
ဦးအောင်နိုင်
အမှတ်(၁၀)ရပ်ကွက်
ကလောမြို့
Tags: Letter to Editor

