ထိုင်းနိုင်ငံသား လီဆူး ၁၆ ဦး ကို UWSA ပြန်လွှတ်ပေး



စနေနေ့မေလ ၁၂ ရက်နေ့ တွင် ဖမ်းဆီးမိခဲ့ သောထိုင်းနိုင်ငံသား  လီဆူး ၁၆ ဦး ကို “၀” ပြည်သွေး စည်းညီညွှတ်ရေး တပ်မတော် UWSA မှ ပြန်လွှတ်ပေးခဲ့ကြောင်း နယ်စပ်ဒေသ သတင်းရပ်ကွက်မှ ဆိုသည်။

peksemဘက်ဆဲမ်းကျေးရွာသားများ

လွှတ်ပေးခဲ့သော လူများတွင် ချင်းမိုင်ခရိုင်၊ ဝိန်းဟိုင်မြို့နယ်၊ ပိန်းလုံ မြို့နယ်ခွဲ၊ ပက်ဆဲမ်းကျေးရွာ  သူကြီး မာနတ်  အသက် ၄၀ လည်းပါဝင်သည်။ ပက်ဆဲမ်းကျေးရွာ  မှာ ထိုင်းမိဖုရား၏ တော်ဝင်စီမံကိန်း (Royal Project) တွင်ပါဝင်သောရွာတစ် ရွာ ဖြစ်သည်။

လွန်ခဲ့သော မေလ ၁၂ ရက်နေ့က မာနတ် ဦးဆောင်သော ထိုင်းနိုင်ငံသား လီဆူး ၁၆ ဦး  မယ်တဲန်ချောင်း တဝိုက်တော့လိုက်ထွက်သည်။  သို့သော်အခန့်မသင့်နယ်မြေကျော်၍ မြန်မာ့ပိုင်နက် အတွင်းရောက်ရာ UWSA စစ်ဒေသ ၁၇၁ မှ စစ်သာများနှင့် ထိပ်တိုက် တွေ့ သဖြင့် သေနတ် ၆ လက် ကိုင်ဆောင်သော အဆိုပါ လီဆူး ၁၆ ဦး အဖွဲ့အား UWSA ကဖမ်းချုပ်ခဲ့သည်။

မေလ ၁၃ ရက်  သေနတ်မပါသောလူများ ကိုပြန်လွှတ်ပေးခဲ့ပြီး ကျန်သောလူအတွက်  ထိုင်းမှ သက်ဆိုင်ရာ လူကြီးများ လာရောက်အာမခံ မှသာလွှတ်ပေးမည်ဟု ထိုလွှတ်ပေးခဲ့သောလူ ၁၀ ဦး နှင့် အတူ အကြောင်းပြန်ခဲ့သည်။

ထို့ကြောင့် မေလ ၁၄ ရက်  ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ ရပ်ရွာလူကြီးများသွားရောက်အာမခံပေးခဲ့သဖြင့် မေလ ၁၅ ရက်နေ့တွင် ကျန်လူ ၆ ဦး နှင့် ၎င်းတို့၏လက်နက်များကို လွှတ်ပေးခဲ့သည်။

ယခုကာလ မှာ ဗမာစစ်တပ် နှင့် UWSA ကြားဆက်ဆံရေး တင်းမာနေသောအချိန်ဖြစ်သည်။ တဖန် ၀ တို့ကလည်း မြေမြှုပ်မိုင်းများကို အတုံးအလဲ ထောင်နေသည်။ ထို့ကြောင့် ယခုကာလ ၌ နယ်စပ်တွင် ဖြတ်သန်းသွားလာသူများ သတိထားသင့်သည်ဟု နယ်စပ်ဒေသခံများ က ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates