သို့ ဝန်ကြီးချုပ် သျှမ်းပြည်နယ်အစိုးရ တောင်ကြီးမြို့



သို့

ဝန်ကြီးချုပ်
သျှမ်းပြည်နယ်အစိုးရ
တောင်ကြီးမြို့

အကြောင်းအရာ။    ။ အကျင့်ပျက် ဝန်ထမ်းများအား ဖော်ထုတ် အရေးယူပေးရန်။

    အထက်ဖော်ပြပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်၍ မိုင်းဆတ်-တာချီလိတ်လမ်းကြောင်း ပေါ်တွင် ခရီးသည်တင် ပြေးဆွဲနေသော ယာဉ်မောင်း(ယာဉ်ပိုင်ရှင်)တစ်ယောက်အနေဖြင့် နေ့စဉ်ကြုံ တွေ့နေရသော အနှောင့်အယှက်၊ အခက်အခဲ၊ အတားအဆီးများကို ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ အကြီး အကဲများ  သိရှိအရေးယူနိုင်ပါရန် ရိုသေလေးစားစွာဖြင့် တင်ပြလိုပါသည်။

    ယခု အစိုးရသစ်လက်ထက်တွင် တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး လမ်းကြောင်းပေါ်ရှိ တရားမ ဝင်ဂိတ်များ၊ စစ်ဆေးရေးအဖွဲ့များ လျှော့နည်းသွားသည့်အတွက် ခရီးသွားပြည်သူများမှာ အတားအဆီး မရှိ ဖြောင့်ဖြောင့်ဖြူးဖြူး ခရီးသွားလာ၍ စိတ်အေးချမ်းသာမှုများ ရှိကြသည့်အပြင် ကုန်တင်ယာဉ်ကြီး များမှာလည်း ကျသင့်သည့် အခွန်အခများ ပေးဆောင်၍ အခက်အခဲ အတားအဆီးမရှိ လွတ်လပ်စွာ သွားနိုင်ပြီကို အများပြည်သူများလည်း သိရှိပြီးဖြစ်၍ အစိုးရကိုလည်း များစွာကျေးဇူးတင်မိပါသည်။

    လက်ရှိအစိုးရအနေဖြင့် ပြည်သူလူထု၏ အခက်အခဲများကို ဘက်ပေါင်းစုံမှကြည့်၍ အဘက် ဘက်မှ အစစ အရာရာ ကူညီပံ့ပိုးပေးနေပါသော်လည်း အကျင့်ဆိုး အကျင့်ဟောင်းများကို ဆွဲကိုင်ထား တဲ့ စုန်းပြူးအကျင့်ပျက် ဝန်ထမ်းများဖြစ်သည့် တာချီလိတ် မူးယစ်အထူးတပ်ဖွဲ့မှ ရဲမှူး ဦးသန်းရွှေ ၏ တပည့်တချို့သည် တာချီလိတ်မှ မိုင်းဆတ်သို့အထွက် လွယ်တော်ခမ်းဂိတ်နှင့် တာချီလိတ်မြို့ရှောင် လမ်း(ယာဉ်ကြီး) ဂိတ်များတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ဦးဆောင်၍ နေ့စဉ်အဝင်အထွက် မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များနှင့် ယာဉ်မောင်းအပေါ်တွင် မင်းမဲ့စရိုက် စံစံ အနိုင်ကျင့် ဗိုလ်ကျမှုများကို နေ့စဉ်မြင်တွေ့နေရပါသည်။ ကိုယ်တိုင်လည်း မကြာခဏ ကြုံတွေ့နေ ရပါသည်။

၎င်းတို့နှင့် အဆင်မပြေသော မော်တော်ယာဉ်များအား မူးယစ်ဆေးဝါးသတင်းရသည်ဟုဆိုကာ အချိန်ကြာမြင့်စွာ အကြောင်းမဲ့ရပ်တံ့ခိုင်းထားပြီး ယာဉ်မောင်းအား ဆဲဆိုကြိမ်းမောင်း၍ ယစ်နေ တတ် ပါသည်။ အနည်းဆုံး ဘတ်တစ်ထောင်(ယာဉ်ငယ်)ပေးမှသာ ခရီးဆက်ခွင့်ပြုပါသည်။ ကုန်တင်ယာဉ် ကြီးများကိုလည်း မူးယစ်မှ ယာဉ်ပေါ်ပါလာသည့် ပစ္စည်းနှင့် အခွန်ဆောင်ထားသော ပစ္စည်းစာရင်း ကိုက်-မကိုက် စစ်ဆေးသည့်အပြင် အလိုက်သင့်စွာဖြင့် ဘတ်ငွေသုံးလေးသောင်း မပေးရင် မူးယစ်ဆေး ဝါးသတင်းရသည်ဟုဆိုကာ ယာဉ်ပေါ်တွင် ပါလာသော ပစ္စည်းများကို ယာဉ်အောက်သို့ ချခိုင်းခြင်း၊ ဘိလပ်မြေအိတ်များကိုလည်း ဓားဖြင့်ထိုးဖောက်၍ ရှာဖွေခြင်းများ ပြုလုပ်ကြပါသည်။

တာချီလိတ် မူးယစ်တပ်ဖွဲ့ဝင်များသည် တော်တော်ကိုထူးသည့် မူးယစ်အထူးတပ်ဖွဲ့ပါ။ ငွေကြိုတင် ပေးထားလျှင် “ဘာသယ်မလဲ ကြိုက်တာသယ်၊ ဘယ်အချိန်သွားမလဲ ကြိုက်တဲ့အချိန်သွား၊ ဂိတ်မပိတ် ဘူး”။ ၎င်းမူးယစ်အဖွဲ့ကိုလည်း ဘယ်အဖွဲ့အစည်း ဌာနဆိုင်ရာမှ မပြောရဲ မဆိုရဲ ဖြစ်နေပါသည်။

မူးယစ်အဖွဲ့ကို မည်မျှထိ လုပ်ပိုင်ခွင့် ပေးထားသနည်း။ ဤကဲ့သို့ ဝန်ထမ်းမျိုးကို အရေးယူနိုင်ပါသ လား။ ရဲမှူး ဦးသန်းရွှေ အနေနှင့်လည်း အရေးမယူနိုင်တာလား။ ဒါမှမဟုတ် အရေးယူနိုင်ပေမဲ့ အရေး မယူတာလား ဆိုတာကို မသိပါ။

ဝန်ကြီးချုပ် အနေဖြင့် ပြည်သူလူထုအကျိုးကြည့်၍ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါရန် အသိပေး တင်ပြအပ်ပါသည်။


    လေးစားစွာဖြင့်
    ယာဉ်ပိုင်ရှင်တစ်ဦး
    ၁၂/၆/၂၀၁၃




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates