ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုတာ ဒီလိုမျိုးလား
သို့- သက်ဆိုင်ရာတာဝန်ရှိသူများသိစေရန်
သစ်ပုတ်ပင်ကျေးရွာ၊ ရေတာရှည်မြို့နယ် ရှိတောင်သူလယ်သမားများ ငွေထုတ်စာအုပ်ပြုလုပ်ရာ အိမ်ထောင်စုစာရင်း ( အထစ ၁၀ ) မရှိသေးပါသဖြင့်၊ရေတာရှည်မြို့
နယ် လဝက ရုံးသို့သွားရောက်ပြုလုပ်ရာ လဝက မှူး ဒေါ်ခင်မာချို နှင့် ဦးအောင်မြင့်တို့မှ သက်ဆိုင်ရာ ရပ်ကွက် ၊ ရွာ မြေပုံ မဆွဲပေးပါက ပြုလုပ်ပေး၍မရနိုင်ဟု ရိုင်းပြစွာပြောဆိုခဲ့ပါသည်။
ထို့ကြောင့် လဝက ဒုဦးစီးမှုး ဦးကိုဇော်ထံ ဆက်လက်တင်ပြရာ သက်ဆိုင်ရာ တိုက်နယ် မြေပုံ(တောင်သူ လယ်သမားနှင့်မြေပုံဆွဲခြင်း ) မဆွဲပေးပါက မပြုလုပ်ပေးနိုင်ဟု ပြောဆိုခဲ့ပါသည်။
ကျေးလက်တောင်ပေါ်ဒေသ နေထိုင်သော တောင်သူလယ်သမားအဖို့ ငွေထုတ်စာအုပ်မရှိပါ၍
စိုက်ပျိုးရေးအတွက် အချိန်မီငွေမထုတ်နိုင်ဖြစ်နေရပါသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ လူကြီးများ
သိသာစေရန် တင်ပြအပ်ပါသည်။
တက်သစ်စ
Tags: Letter to Editor