မူစယ်လောင်းကစားဝိုင်းကိစ္စ အောက်ခြေရဲများ မလူးလွန့်သာ
သျှမ်းသံတော်ဆင့်သို့ ပေးစာ
မူစယ်မှာ လောင်းကစားဝိုင်းဂိုဏ်းချုပ်က ကိုတင်ထွန်းဖြစ်ပြီး တီဗွီဂိမ်းဂိုဏ်းချုပ်ကတော့ ကိုထွန်းဖြစ်ပါ တယ် ။
သူတို့က ပြည်နယ်ရဲမှူးအဆင့်အထိ ပေါက်ရောက်မှုရှိနေလို့ပါ ။ မူစယ်လောင်းကစားဝိုင်းကိစ္စ ပြောမယ် ဆိုရင် အရင်ခေတ်ကထက် ပိုဆိုးလာနေပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ပြည်နယ်ရဲမှူး အဆင့် မူဆယ် လာ တယ် ဆိုရင် ဟုတ်တာမဟုတ်တာ အပထား ကစားဝိုင်းတွေ ယာယီပိတ် ထားရပါတယ် ။
အခု ပြည်နယ်ရဲမှူးလာလည်း ပိတ်စရာမလိုပါဘူး ။ ပြည်နယ်ရဲမှူးကြီးနဲ့လည်း အဆင်ပြေပြီး သားဆို တော့ ဂေါက်ရိုက်လည်းမပျက် ကစားဝိုင်းလည်း မ ပျက်ပေါ့ ။ အခြေအနေက အဲလိုဖြစ်နေတော့ ဒေသခံလူထုက ရဲတွေမဖမ်းဘူးလားလို့ မေးခွန်းထုတ်လာရင် အရမ်းကို ဖြေရခက်သွားပါပြီ ။
အမှန်တရားလိုလားသူ တစ်ဦး
Tags: Letter to Editor

