နမ္မတူမြို့နယ် ဓါတ်ငွေ့ပိုက်လိုင်းတိုင်တမ်းစာ
သို့
         သျှမ်းပြည်နယ်အစိုးရရုံး
          တောင်ကြီးမြို့
အကြောင်းအရာ။     မြန်မာ- တရုတ်ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းအဖွဲ့မှ ပိုက်လိုင်းလမ်း ကြောင်းအကျယ်(30)မီတာထက်ကျော်လွန်ပြီးမြေ ကြီးများ စုပုံထားရှိခြင်း ကြောင့် နှစ်ရှည်ပင်များ ပျက် စီးခြင်းအတွက် လျော်ကြေး ပေးရန်နှင့် ၄င်းတို့လုပ်ငန်း ကြောင့် ပျက်စီးသွားသောပိန်းလောင်းကျေးရွာ တွင်း လမ်းများပြန်လည်ပြုပြင်ပေးနိုင်ပါရန်တင်ပြတောင်းခံခြင်း။
အထက်ပါကိစ္စနှင့်ပတ်သက်၍ ကျောက်မဲခရိုင် နမ္မတူမြို့နယ် ဆိုက်ခေါင်အုပ်စုပိန်းလောင်းကျေးရွာ နှင့်မြန်မာကျေးရွာတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံကိန်းအဖွဲ့မှ (2011) ခုနှစ်တုန်းက ၄င်းတို့ လုပ်ငန်း သုံးကားများသည် ပိန်းလောင်းကျေးရွာတွင်း လမ်းများကို လုပ်ငန်းခွင်သွားလာရေး အတွက် အသုံးပြု  ရာရွာသူရွာသားများ၏ခြံမြေနှစ်ရှည်ပင်များနှင့်လမ်းများတစ်ချို့ပျက်စီးသွားသည်ကိုပိုက်လိုင်းစီမံကိန်းအဖွဲ့မှကောင်းမွန်စွာပြန်လည်ပြုပြင်ပေးမည်ဟုရွာသားများအပေါ်ပြောဆိုထားသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှလည်း ပိုက်လိုင်းလမ်းကြောင်းအကျယ် (30)မီတာကျော်လွန်ပြီး မြေကြီး များစုပုံထားရှိသည်ကိုနောက်ဆုံးပိုက်မြုပ်၊မြေညှိပြီးသည်နှင့်တစ်ပြိုင်နက်ပိုယူ အသုံးပြု သွား သောတောင်သူများ၏ မြေအကျယ်ကို တိကျမှန်ကန်စွာတိုင်းတာပြီး ယာယီမြေအသုံးပြု ခြင်း၊ လျော် ကြေးဖြင့်တွက်ချက်ပေးပြီးပေးလျော်သွားပါမည်ဖြစ်ကြောင်းအသိပေးကြေညာစာစောင်လဲထုတ်ထားပြီးဖြစ်ပါသည်။(ပူးတွဲပါ)
 နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဦးဇော်လင်းအောင်အား(3)ကြီမ်တိုင်နှစ်ရှည်ပင် လျော်ကြေးပေးရန်ခေါ်တွေ့ခဲ့ပါသည်။သို့သော် ၄င်းပေးသည့် လျော်ငွေမှာ အဆမတန်နည်းပါးပါ သဖြင့်လက်မခံခဲ့ပါ။ (2011)ခုနှစ်ပထမအကြိမ်လျော်ကြေးပေး စဉ်က ဝါးတစ်ပင် (1500) ကျပ် ငါးနှစ်စာ (7500) ကျပ်ဖြင့် ပေးလျော်ခဲ့ပါသည်။ ယခုဆုံးရှုံး သော နှစ်ရှည်ပင်များကိုလဲ ထိုသို့ပေးလျော်သွား သောသတ်မှတ်နှုန်းအတိုင်း ငါးနှစ်စာအတွက် ပေးလျော်စေလိုခြင်းနှင့်ပျက်စီးသွားသောပိန်း
လောင်းကျေးရွာတွင်းလမ်းများကိုအမြန် ပြန်လည်ပြုပြင်ပေးစေလိုပါသဖြင့်နောက်ဆက်တွဲပါရွာ သူရွာသားများအမည်စာရင်းနှင့်တကွ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့
အနူးအညွတ်လေးစားစွာဖြင့် အစီရင်ခံတင်ပြအပ်ပါသည်။
နောက်ဆက်တွဲ
(1) ဦးဇော်လင်းအောင်     ဝါးပင်(200) မယ်ဇလီ (3)ပင် ညောင်ချဉ်(1)ပင်
(2) ဦးစိုင်းထွန်းအေး         မြေ
(3)ဦးအောင်ညွန့်             ဝါးပင်(100)
(4)ဒေါ်အေးကြိမ်             မြေ
(5) ဒေါ်ခမ်းမှတ်               ။
(6) ဒေါ်အေးကော်             ။
(7) ဦးခမ်းအိုက်                 ။
(8) ဦးစံငြိမ်း                      ဝါး ပင်(50) မြေ
(9) ဦးအိုက်အောင်              ဝါးပင်(50)မြေ
(10) ဦးမာယော်                 ဒညင်း(12)ပင်လက်ဖက်(5)ပင် ဖာလာပင်များ
(11) ဦးသိန်းမြင့်                 ဒညင်း(10)ပင်၊သြဇာပင်(1)ပင်၊ သရက်(1)ပင်
(12) နန်းခမ်းဆာ                မြေ
(13) ဒေါ်အေးသန်း               ။
(14) ရွာပိုင်မြေမှ                  ပိန်းလောင်းကျေးရွာရှိ ရေတွင်း(2)တွင်း
စသည်တို့ဖြစ်ပါသည်။ ၄င်းကိစ္စများကိုပြေလည်ဖြေရှင်းပေးမှုမရှိပါက ရွာသူရွာသားများ ဥပဒေ အရ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သွားမည်ဟုလည်းပြောပါသည်။
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates