ဗုဒ္ဓမြတ်စွယ်တော်ပွား ရွှေစေတီငယ် ၃ ဆူ တရုတ်နိုင်ငံ မှ မြန်မာသို့လှူဒါန်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗုဒ္ဓဘာသာအသင်းမှ မြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (ပုံပွား) စေတီတော် ၃ ဆူ လှူ ဒါန်းပေးအပ်လိုက်ရာ ယနေ့တွင် နှစ်နိုင်ငံ နယ်စပ် ဒေသခံများ ဖူးမျော်ရန် တရုတ် - မြန်မာနှစ် နိုင်ငံနယ်စပ် ဂျယ်ဂေါင်မြို့ မနောကွင်းအတွင်း ထားရှိ၍ နောက်တစ်နေ့တွင် မြန်မာနိုင်ငံ သာသနာရေး ဒုဝန်ကြီးဦးဆောင် ကာ သံဃာတော်အပါး ၁၅၀ ခန့်ဖြင့် စေတီတော်များအား လာရောက်ပင့်ဆောင်မည် ဖြစ်ကြောင်း သိရသည် ။ အဆိုပါ စေတီတော် ၃ ဆူအား သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ တစ်ရက်တာ ထားရှိပြီး မြန်မာနိုင်ငံ မန္တလေး၊ ရန်ကုန်နှင့် နေပြည်တော်မြို့များသို့ ပင့်ဆောင်မည်ဟု သိရသည်။
သျှမ်းသံတော်ဆင့်
၆ ၊ ၆ ၊ ၂၀၁၃
Tags: News, Religion