တစ်ကယ်အသုံးလိုနေသူတွေလက်ထဲမရောက် ဝန်ထမ်းလက်ထဲ ဖုန်းကဒ်ပျောက်



သို့- သျှမ်းသံတော်ဆင့် မှတဆင့် သျှမ်းပြည်ဝန်ကြီးချုပ် နှင့် (ဆက်သွယ်ရေးဝန်ကြီး) သက်ဆိုင်ရာ ဝန်ကြီး များ သိစေဖို့။  
 MPT sim
 မြန်မာ့ဆက်သွယ်ရေးဌာနမှချပေးသော ဖုန်းကဒ်
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ပြီးခဲ့သည့်လ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းကျော်အုန်းက လွှတ်တော်မှာ ပြည်သူများ ဖုန်းကို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်စေရန် အဆို တခု တင်ပြတောင်း ခံပါတယ်။ သက်ဆိုင်ရာမြန်မာ့ဆက်သွယ်ရေးဌာနမှလည်း နမ့်ခမ်းမြို့အတွက် မူစယ်မြို့မှ ခွဲပြီးတော့ ဖုန်းကဒ် ၃၀၀ ကဒ်ချပေးခဲ့တယ်။ ချပေးလာတဲ့ ဖုန်းကဒ် ၃၀၀ မှာ တစ်ရပ်ကွက် လျှင် (၁၀) ကဒ်ပြန်ခွဲပေးသည်။ အဲ့(၁၀) ကဒ်ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံ ရောက်သွားပါသည်။


နမ့်ခမ်းမြို့တွင် ရပ်ကွက်ကြီး ၁၀ ခု အတွက် ဖုန်းကဒ် ၁၀၀ သာကုန်သွားပြီး ကျန် ၂၀၀ သည် ဌာန ဆိုင်ရာ ပုဂ္ဂိုလ်များ၏ လက်ထဲမှာသာရှိနေကြောင်း၊  အချို့ကမူ ပွဲစားများမှ တဆင့်အပြင်သို့ ဈေးနှုန်း ကြီးကြီးဖြင့် ရောင်းထုတ်လိုက်ပြီးဖြစ်ကြောင်းလဲ သတင်းထွက်ရှိနေပါသည်။


တစ်ကယ်အသုံးလိုနေတဲ့ ပြည်သူလက်ထဲ ရောက်ရှိခြင်းမရှိသည့်အပြင် နမ့်ခမ်းပြည်သူအများစုမှာ နမ့်ခမ်းမြို့အတွက် ဖုန်းကဒ် (၃၀၀) ရရှိလာတောင် မသိရှိကြကြောင်း၊ ယခုလက်ရှိဖုန်းကဒ်ပေါက်ဈေးမှာ ၁၅၀၀ ကျပ်တန်ဖုန်းကဒ်မှာ ကျပ် ၅ သောင်းနှင့် ၈ သောင်းကြားအထိရှိနေပြီး အရစ်ကျ ၈ သောင်းကျပ် GSM မြန်မာဖုန်းကဒ်မှာ ကျပ် ၂ သိန်း ၈ သောင်း အထိ အရောင်းအဝယ်များဖြစ်နေသည်။

အထက်ပါအကြောင်းအရာကို ဆက်သွယ်ရေးဝန်ကြီး နှင့် သျှမ်းပြည်ဝန်ကြီးသိစေရန် သျှမ်းသံတော်ဆင့် မှ တင်ပြလိုက်ရပါတယ်။

မှ

လွေးအီခမ်း






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates