လိုင်စင်မဲ့(With out) ကားများစည်းကမ်းမဲ့လွှတ်လပ်စွာမောင်းနှင်နေပါသည်
သို့၊လေးစားရပါသော သျှမ်းသံတော်ဆင့် သတင်းဌာနမှတဆင့် အထက်ကတာဝန်ရှိလူကြီးမင်းများသိရှိစေရန်
သျှမ်းပြည်မြောက်ပိုင်း၊တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်ကြသော မူစယ်နှင့်နမ့်ခမ်းမြို့များတွင် လိုင်စင်မဲ့ (Without) ကားများစည်းကမ်းမဲ့မောင်းနှင်နေတာတွေ့ရှိရပါသည်။မည်သည့်ကားမဆို (၁၀)စီးလျှင် (၁)စီး လိုင်စင် ရှိချင်မှရှိမည်။တချို့သော မြန်မာအစိုးရနှင့်နီးစပ်သော ကားများတွင် ကာစတမ်စဲ(လ်) (ပြည်တွင်းအခွန် ဆောင်ပြီးဆုံးကြောင်း) ခြင်္သေ့ပုံပါ စဲ(လ်) တံဆိပ်များကပ်ထားနေ ကြောင်းတွေ့ရပါသည်။ ပန်ဆေးပြည့်သူ့စစ် ပိုင်လိုင်စင်မဲ့ (Without) ကား ဆိုရင်မြို့တွင်းထဲတွင် ထင်ရာစိုင်း စည်းကမ်းမဲ့ တစ်လမ်းလုံးဟွန်းတီး အမြန် မောင်းနှင်နေပါသည်။ဤဒေသအတွင်း မောင်းနှင်နေသောကားများ တချို့သည် တရုတ်နံပါတ်ပြား နှင့်မြန်မာ ဖောင်းကြွ နံပါတ်ပြား များတပ်ဆင်ထားကြောင်း ၄င်းကားအများစုသည် တရားမဝင် နယ်စပ်ကူးသို့ဆိပ်မှ ၀င်လာ သော ဂျပန်ကားများဖြစ်ကြသည်။ လိုင်စင်မဲ့ (Without) ကားများပေါများလာသောကြောင့် ယာဉ်တိုက်မှုများ နေ့စဉ်နှင့်အမျှဖြစ်ပွားနေသည်မက လမ်းများလဲပိုပြီးပျက်စီးယိုယွင်းမှုများလာကြောင်းတွေ့ရသည်။ အထက်ပါ အကြောင်းအရာကို အထက်က တာဝန်သိနှင့်တာဝန်ရှိလူကြီးမင်းများသိရှိပြီး လျင်မြန်စွာ အရေးယူ ပေးပါရန် တင်ပြတောင်းဆိုအပ်ပါသည်ခင်ဗျား။
မှ-မူစယ်ကားသမား
မောင်ကျော်
Tags: Letter to Editor