ချူလို့ရသမျှ ချူနေတဲ့လူတွေ
သို့- သက်ဆိုင်ရာဝန်ကြီးဋ္ဌာန သိစေရန်
နမ့်ခမ်းမြို့နယ်စည်ပင်သာယာရေးက ဝန်ထမ်းဖြစ်သော ဦးစီးအရာရှိ ဦးတင်အောင်မြင့်ဦး နဲ့ စည်ပင် ပင်တိုင်ရံပုံငွေရှာပေးသူ ဘိန်းစား ဦးကျော်တင့် တို့အဖွဲ့ ပြည်သူတွေဆီက အကြောင်း အမျိုးမျိုး ပြပြီးငွေချူနေပါတယ်။
ဥပမာ အားဖြင့် မိမိအိမ်ဆောက်မယ်ဆိုရင် ၃ ပေ ခြားလည်း ပတ်ဝန်းကျင် ထောက်ခံချက် ယူခိုင်းပါတယ်။
ကျွန်တော်သိရသလောက်ကတော့ ၃ ပေ မခြားချင်ရင် ဘေးပတ်ဝန်းကျင် ထောက်ခံချက်ယူရ မယ်။ တကယ်လို့ကိုယ်က ပေးနိုင်ရင်တော့ ထောက်ခံချက်ယူစရာမလိုဘူး။ အလိုလိုပြီးသွားတာလဲရှိခဲ့ပါတယ်။
ကျွန်တော်သူငယ်ချင်းတစ်ယောက်ဆိုရင် ဘေးပတ်ဝန်းကျင်အိမ်နဲ့ ၃ ပေမက ၅ ပေတောင်ခြားလည်း ထောက်ခံချက်ယူခိုင်းပါတယ်။ ငွေလိုချင်လို့ညှစ်တာပဲလေ၊ ဒီလိုမျိုးတွေဖြစ်သင့်လား မဖြစ်သင့်လား သက်ဆိုင်ရာလူကြီးတွေကပဲ ပြည်သူတွေသိအောင်၊ ဝန်ထမ်းတွေလုပ်ချင်တာလုပ်လို့မရအောင်၊ ပွင့်လင်းမြင်သာမှုရှိအောင် ပြည်တွေဆီရောက်အောင် ထုတ်ပြန်ကြေညာပေးပါခင်ဗျ။
အလေးအနက်တောင်းဆိုပါသည်။
ကိုယ်တိုင်ခံစားရသူတဦး
Tags: Letter to Editor

