၁၅၀၀ တန်ဖုန်းကဒ်နဲ့ ဖုန်းတိုင်ကို ချစ်သူဆီက အဖြေမျှော်သလို



 သို့
            သျှမ်းသံတော်ဆင့်                                

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ ၁၅၀၀ တန်ဖုန်းကဒ် နှင့်ဖုန်းတိုင်သည် ၂၀၁၃ နှစ်ဆန်း ကတည်းက ချပေးမယ် တိုင်ထောင်ပေးမယ်ဆိုတဲ့သတင်းတွေကြားနေရပါတယ်။ ကျပ်သိန်းချီ CDMA  ဖုန်း မဝယ်နိုင်တော့ ကျွန်တော်တို့မှာ ၁၅၀၀ တန်ဖုန်းကိုင်ရတော့မယ်ဆိုပြီး ပျော်နေကြရပါတယ်။

 ဘယ်လောက်ထိပျော်လို့ မျှော်ရလဲဆိုတော့ ကျွန်တော်အရမ်းချစ်တဲ့ ကောင်မလေးကိုချစ်ခွင့်တောင်းထားတာ ဘယ်ချိန်မှ ချစ်တယ်လို့အဖြေပေးမလဲ စောင့်နေရသလိုဘဲ။ ဖုန်းတိုင်ကိုလဲ ထိုနည်းတူ အရသာမျိုးနဲ့စောင့်နေရပါတယ်။

ဒါပေမယ့် ခုထိ ဖုန်းတိုင်နဲ့ပတ်သက်ပြီး ဘာအဖြေမှ မရခဲ့ပါဘူး။ ၁၅၀၀ ဖုန်းကဒ်ကို လျှောက်ထားတဲ့ လူတွေ ကလဲများသလားမမေးနဲ့။ အဲဒီလူတွေက အပျင်းပြေ လျှောက်လွှာလိုက်တင်နေ တာမဟုတ်ဘူး။ ဆက်သွယ် ရေး လွယ်ကူဖို့အတွက် ၁၅၀၀ တန်ဖုန်းကဒ် အရမ်းလိုချင် သုံးချင်လို့ဖြစ်တယ်ဆိုတာ သက်ဆိုင်ရာတွေ သိစေချင်ပါတယ်။

သက်ဆိုင်ရာလူကြီးမင်းအဆင့်ဆင့်တို့ကကော ဘာကြောင့်ဒီကိစ္စကိုမလုပ်ပေးကြတာလဲ။ ဒါမှမဟုတ်သက်ဆိုင်ရာလူကြီးမင်းတွေက ဖုန်းကိုယ်စီနှင့်မို့လို့ ဒီကိစ္စကိုထည့်မစဉ်းစားတာလား။ ကျွန်တော်တို့ရိုးရိုးဝန်ထမ်းတွေအတွက် ရိုးရိုး ရွာသူရွာသားတွေအတွက်လည်းဖုန်းသုံးနိုင်အောင်ထည့်
စဉ်းစားပေးစေလိုပါတယ်။ သက်ဆိုင်ရာဝန်ထမ်းဌာနအဆင့်ဆင့် နှင့်လွှတ်တော်အဆင့်ဆင့် ကနေ သမ္မတ ဦးသိန်းစိန်အထိ ဒီကိစ္စကို ကူညီလုပ်ဆောင်ပေးပါရန်သျှမ်းသံတော်ဆင့်မှတစ်ဆင့် တင်ပြလိုက်ပါရစေ။ 

                                       သျှမ်း/မြောက်မှလူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူတစ်စု




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates