သျှမ်းသံတော်ဆင့်သတင်းဌာနမှ အွန်လိုင်းရေဒီယို ထုတ်လွှင့်



shan radioသျှမ်းသံတော်ဆင့်သတင်းဌာန၏  SHAN Radio အွန်လိုင်းရေဒီယို ဝက်ပ်ဆိုက်စာမျက်နှာ

သျှမ်းသံတော်ဆင့်သတင်းဌာနမှ တိုးချဲ့သော အစီအစဉ်အဖြစ် SHAN Radio အွန်လိုင်းရေဒီယို အစီအစဉ်ကို လာမည့်တနင်္လာနေ့ ဩဂတ်စ်လ ၁၉ ရက်နေ့တွင် စတင်ထုတ်လွှင့်မည်ဖြစ်ပါသည်။

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ  သျှမ်းဘာသာ ဖြင့်စတင် ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

သျှမ်းပြည်တွင်းသတင်း၊ အာစီယံသတင်း၊ ပြည်ပရောက်သျှမ်းအလုပ်သမားများသတင်း၊ နိုင်ငံတကာသတင်း၊ စီးပွားရေးသတင်း၊ ကျန်းမာရေး၊ အားကစားနှင့်အနုပညာသတင်းများအပြင် ခေတ်ဟောင်းတေး၊ ခေတ်ပေါ်တေး အစီအစဉ်များကိုပါ အချိန်ဇယားဆွဲ၍ ထုတ်လွှင့်ပေးမည်ဖြစ် ပါသည်။

www.radio.panglong.org တွင် ဝင်ရောက်နားထောင်နိုင်ပြီး ပရိသတ်များဝေဖန် အကြံဉာဏ်ပြုလို သည်များကို ပေးထားသည့် cbox တွင် ထည့်သွင်းရေးသားထားပေးနိုင်ကြောင်း အသိပေး အကြောင်း ကြား အပ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates