မြန်မာစစ်တပ်တောနင်းလှုပ်ရှားသဖြင့် ယာသမားများ အလုပ်ပျက်



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင် မြန်မာစစ်တပ် အားဖြည့်လှုပ်ရှားရာတွင် လယ်တော တွင်း ရှိ ဒေသခံများကိုပါဖမ်းဆီးသဖြင့် မြန်မာစစ်ကြောင်းသတင်းရပါက လယ်သမားများမှာ လယ်တောမှ  တိမ်းရှောင် နေကြရကြောင်း ယာသမား များကပြောပါသည်။

spdcမြန်မာအစိုးရစစ်ကြောင်း (ဓါတ်ပုံ-အင်တာနက်)

“မြန်မာစစ်တပ်က ပုံမှန်လှုပ်ရှားနေတဲ့ သီပေါ ကျောက်မဲတပ်တင်ဘဲမက တော့ဘူး။ နေပြည်တော်က အင်အား ၁၀၀ ထပ်ပို့လာတယ်ကြားတယ်။ ခုတလော ဖာဆွမ်အုပ်စုဘက် လာပြီးလှုပ်ရှားနေတဲ့ တပ် တွေက မျက်နှာ စိမ်းတွေ။အဲလိုဖြစ်လာတာ ဒီလ ထဲမှာပေါ့။ မြန်မာအစိုးရစစ်ကြောင်းတွေလဲ နေရာ တိုင်းလိုလိုမှာ တွေ့ရတယ် ” ဟု ဆိုက်ခေါင်အုပ်စုမှ ယာသမား စိုင်းရွက်က သျှမ်းသံတော်ဆင့် အား ပြောပြသည်။

မြန်မာစစ်ကြောင်းသည် ရွာသားများ၏ လယ်တဲသို့ရောက်ရှိပါက လယ်တဲကိုဖျက်ဆီးပြီး တဲအတွင်းရှိ ပစ္စည်းများ ကြက်ဝက်များကိုပါ ယူဆောင်သွားကြောင်း ယာခင်းတွင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကိုပါ ခူးယူသွားကြောင်း  ခြံသမားပြောပြချက်ကိုကိုးကား၍ စိုင်းရွက်က ပြောပြသည်။

“   သူတို့လာတဲ့သတင်းကြားရင် ကျနော်တို့ ယာသမားတွေတော့ ယာထဲမှာမနေရဲတော့ဘဲ ဆိုက်ခေါင်ရွာဘုန်းကြီးကျောင်းတွေမှာ ဟိုးဘက် ကုန်းဆာရွာက အသိမိတ်ဆွေတွေဆီမှာ သွားသွားခိုရတာ။ လူတွေ့ရင်ဖမ်းဆီးရိုက်နှက်စစ်ဆေးခံရမှာကြောက်တယ်။ ကျနော်တို့လဲ သူတို့ကို မတွေ့ချင်ဘူးပေါ့။ အလုပ်တွေတော့ ပျက်တာပေါ့ဗျာ။ အနည်းဆုံး ၂ ရက် ၃ ရက် ကြာတတ်တာကိုး” ဟု နမ္မတူဒေသခံ စိုင်းနုက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း၌ တိုင်းရင်းသားတပ်ပေါင်းစုနှင့် အစိုးရစစ်တပ်တို့ မကြာခဏ တိုက်ပွဲများဖြစ် ပွါး၏။ ယခုတပတ် အတွင်းတွင်လည်း နမ္မတူမြို့နယ်၌ မြန်မာအစိုးရစစ်တပ်နှင့် သျှမ်းပြည်တပ်မ တော်တို့ ၂ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ထိုသို့ မြန်မာစစ်တပ်က အင်အားတိုးဖြည့် တောနင်းတိုက်ခိုက် နေခြင်းဖြစ်ကြောင်း ရှေ့တန်းရောက်သျှမ်းတပ်မှူးများကပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates