နမ့်ခမ်းမြို့ ဗုံးကွဲမှု အစိုးရတပ် တာဝန်မကင်းဟု လူထုဝေဖန်



အစိုးရတပ် အခြေချ တည်းခိုနေသည့် မြို့လယ်ကျောင်းတိုက်တွင် စစ်ကြောင်းအတွက်လုံခြုံရေး
ကင်းချထားပါလျက်နှင့် ဗုံးဖောက်ခွဲခံရသည့်အပေါ်  နားမလည်ဖြစ်ရကြောင်း ဒေသခံ လူထုက
ဝေဖန်ပါသည်။

alt17 ရက်နေ့ဗုံးကွဲစဉ်က သေဆုံးသည့် စည်ပင်ဝန်ထမ်း
 
ဗုံးပေါက်ကွဲသည့် (၁၆၊ ၁၀၊ ၂၀၁၃ ) ည တွင် အစိုးရတပ်စစ်
ကြောင်း လူအင်အား ၄၀ ခန့်ကနမ့်ခမ်း မြို့လယ်ကျောင်း၌
အခြေချကာ လုံခြုံရေးကင်းများ ကျောင်းတော်ပရဝုဏ်ပတ်
လည်၌ ချထားကြောင်း၊ အဆိုပါစစ်ကြောင်းသည် ၁၅ ရက်
နေ့ ကတည်းက ရောက်ရှိနေကြောင်း၊ ဗုံးပေါက်ကွဲချိန်တွင်
လည်း အချိန်မှီသွားရောက်ကြည့်ရှု စစ်ဆေးခြင်းမရှိကြောင်း၊ ဗုံးပေါက် ကွဲရာနေရာအနီး
မြို့လယ်ကျောင်းတိုက်၌ ရောက်ရှိအခြေချတည်းခိုသည့်
စစ်ကြောင်းမှာ တာဝန်မကင်းကြောင်းအမည် မဖေါ်လိုသည့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောပါသည်။

“ပထမ အချက်က ဗုံးပထမ  ကွဲတဲ့ညက ဗုံးထောင်ရင်းကွဲသွားလို့ အဲဒီဗုံးထောင်တဲ့သူ သေတယ်။
 ဒါမှမဟုတ် ဒဏ်ရာရ သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီဗုံးကွဲတဲ့ နေရာကနေ သွေးတွေတွေ့
တယ်။ ပြီးတော့ ပြည်သူ့စစ်တပ်စခန်းတခုဘက် ဦးတည်တဲ့သွားတယ်။ သွေးစက်ရာက။ နောက်
ဦးထုပ်တလုံး ကျ ကျန်ခဲ့တယ်။ အဲဒါလဲပြည်သူ့စစ်ဦးထုပ်ဘဲ။ ကျနော်တို့ အချက်အလက်တွေ
ထပ်စုနေပါတယ်။ ရရင် ဘယ်သူဘယ်ဝါဆိုတာအများသိအောင်ထုတ်ဖေါ်သွားမယ်” - ဟု 
အမည်မဖေါ် လိုသည့်အုပ်ချုပ် ရေးမှူးတဦးကပြောပါသည်။

ထို့အတူ ကျားဖြူပါတီအကြီးအကဲတဦးကလည်း အဆိုပါဗုံးပေါက်ကွဲသည့်နေရာအနီး ကျကျန်သည့်
 ဦးထုပ်တလုံးသည် ဒေသခံပြည်သူ့စစ်တပ်ဖွဲ့ တဖွဲ့၏ ဦးထုပ်ဖြစ်သည်ဟုသတင်းရထားကြောင်း
 နမ့်ခမ်းမြို့ မငြိမ်မသက်ဖြစ်အောင် ဖန်တီးမှု တရားခံအား ဆက်လက်စုံစမ်းဖေါ်ထုတ်သွား
မည်ဖြစ်ကြောင်း ပြောသည်။

ဗုံးမကြာခဏ ပေါက်ကွဲမှုကြောင့် နမ့်ခမ်းမြို့ သီတင်းကျွတ်ပွဲတော်လည်းကျင်းပနိုင်ခြင်းမရှိ
ကြောင်း၊ နမ့်ခမ်းမြို့ ဂုဏ်ဆောင်သည့် ပွဲဆောဝ်းဆာမ်အမည်ရ (သီတင်းကျွတ်လပြည့်ကျော်
၈ ရက်နေ့ နှစ်စဉ် ကျင်းပ) ပွဲတော်လည်း ယခုနှစ် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း သျှမ်း
စာပေယဉ်ကျေးမှုအဖွဲ့ဝင် အကြီး အကဲ တဦးကလည်းပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် မြို့မ ပြည်သူ့စစ်၊ ပန်းဆေးတိုက်နယ်ပြည်သူ့စစ်နှင့်
မြန်မာစစ်တပ်အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့ အများအပြားရှိပါသည်။

အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီ ၅၀ တွင်တကြိမ်၊ ၁၇ ရက်နေ့ နံနက်ခင်းပိုင်းတွင် နှစ်ကြိမ်
နမ့်ခမ်းမြို့၌ ဗုံးဆက် တိုက်ပေါက်ကွဲခဲ့၏။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ တဦး ဒဏ်ရာရရှိသူ
၆ ဦးဟု မြန်မာ့အလင်းသတင်းစာက ထုတ်ပြန် သည်။

ဗုံးများဆက်တိုက်ပေါက်ကွဲမှုကြောင့် သျှမ်းပြည်အတွင်း ရှိမြို့နယ်အချို့ကလည်း  သတိဝိရိယ
ဖြင့်နေထိုင်ရန်၊ မိမိလုံခြုံရေးအတွက် အာဏာပိုင်များနှင့်အတူ လူထုလက်တွဲတာဝန်ယူရန်
လှုံ့ဆော် သတိပေးမှုများလည်းရှိသည်ဟု သျှမ်းပြည်တောင်ပိုင်း မိုင်းပန်သားများကလည်းပြောပါ
သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates