မလိုအပ်သည့်ဂိတ်များအား ဖယ်ရှားပေးစေချင်



သို့

သျှမ်းသံတော်ဆင့် အယ်ဒီတာ ခင်ဗျား

နိုင်ငံတော် သမတကြီးနှင့်တကွ တာဝန်ရှိသူများ သိစေရန် တင်ပြအပ်ပါသည်။

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ကနေ နမ့်ဇန်ကို သွားတဲ့လမ်းမှာ ပန်ခေါက်ဝိုးဂိတ်လို့ခေါ်တဲ့ ဂိတ် ငယ်လေး တခုရှိပါတယ်။ အဲဒီဂိတ်ကို ဖြတ်သွားတဲ့ကားတိုင်းကို သောက်ရေသန့်တစ်ဗူးစီ ကျပ် ၅၀၀ နဲ့ ဝယ်ခိုင်းပါတယ်။ ဂိတ်ကြေးသဘောမျိုးပါ။ ဒီလိုမျိုး မဖြစ်သင့်ပါဘူး။ ကျနော်တို့လည်း ကားမောင်းပြီး ကိုယ့်ဝမ်းစာအတွက် ရှာဖွေစားသောက်နေရတာ ဖြစ်ပါတယ်။ မြို့အဝင်မှာလည်း တောင်းသလောက် ပေးရတယ်။ ဒီလိုကြားနေရာတွေမှာလည်း ပေးရတော့ ကျနော်တို့ ကားဆရာ တွေအတွက် မကျန်သလောက် ဖြစ်သွားပါတယ်။

နောက်ပြီး လွိုင်လင်ကနေ တောင်ကြီးကိုသွားတဲ့ လွိုင်လင်မြို့အထွက်ဂိတ်မှာလည်း ဘီးခွန်ပေး ရတာ ဗဲင်ကားတစီးနဲ့တစီး မတူပါဘူး။ တချို့က ကျပ် ၁၀၀၀ ပေးရပြီး တချို့က ၅၀၀ ဘဲ ပေးရပါ တယ်။ ကျပ် ၃၀၀ ဘဲပေးရတဲ့ ကားတွေလည်း ရှိပါတယ်။ ဒါဟာ မမျှတပါဘူး။

မြန်မာပြည်ဟာ ဒီမိုကရေစီခရီးလျှောက်လှမ်းနေတဲ့ အချိန်ကာလမှာ မလိုအပ်တဲ့ ဂိတ်တွေကို အများအပြား ဖယ်ရှားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ပန်ခေါက်ဝိုးဂိတ်နဲ့ တခြား မလိုအပ်တဲ့ ဂိတ်တွေကိုလည်း ဖယ်ရှားပေးစေချင်ပါတယ်။ ဘီးခွန်ကောက်တဲ့အခါမှာလည်း ကားအကြီးအသေး အလိုက် ဈေးသတ်မှတ်ထားပြီး မျှမျှတတ ကောက်စေချင်ပါတယ်။


၁၅/၁၁/၂၀၁၃
ကားဆရာများ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates