သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ငွေရတု အခမ်းအနားလားရှိုးတွင် ကျင်းပမည်



သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် သျှမ်းတိုင်းရင်းသား  ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ငွေရတု  အခမ်းအနား ပြုလုပ်ကျင်းပမည် ဟု သတင်းရရှိသည်။
SNLD(ဓါတ်ပုံ-SNLD)

နိုဝင်ဘာ ၉ ရက်မှ ၁၁  ရက်နေ့ အထိ ကျင်းပမည်ဖြစ်ပြီး ပါတီမှ ထုတ်ပြန်ကြေငြာချက်ပြုလုပ်ခြင်း၊ မြို့နယ်အသီးသီးရှိ ကော်မတီများမှပေးပို့သော စာတမ်းများတင်ပြခြင်း ၊ ပါတီမှဆောင်ရွက် လျှက် ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း ကို  ဆွေးနွေးခြင်း အစရှိအစီအစဉ်များရှိကြောင်း ပါတီပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့် အားပြောပါသည်။ 

ပါတီဝင်လူငယ်တဦးဖြစ်သော စိုင်းဆမ်ဖွန်ဆိုင်က -  “ ကျနော်တို့က  မနက်ပိုင်းနဲ့နေ့လည်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲထား တယ်။ လားရှိုးမှာရှိတဲ့ မိတ်ဆွေ ပါတီတွေကို  မနက်ပိုင်း ဖွင့်ပွဲ တက်ရောက်ဖို့   ဖိတ်ကြားထားတယ်။ နေ့လည်ပိုင်းမှာ တော့ သျှမ်းပြည်တွင်းက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေး သွားမယ်”  ဟု   ပြောသည်။

အဆိုပါပွဲသို့ မြို့နယ် ၂၂ မြို့နယ်၊ ကျေးရွာ  ၅၆ရွာ၊ရပ်ကွက်  ၁၂  ရပ်ကွက်မှကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ နှင့် စုစုပေါင်း လူဦးရေ တစ်ထောင်ခန့် တက်ရောက်မည်ဟုမျှော်မှန်းထားကြောင်း ၄င်းကဆက်လက်ပြောပြသည်။

“ SNLD ရဲ့သမိုင်းကိုပြန်ကြည့်ရင် လေ့လာသင်ခန်းစာယူစရာအများကြီးရှိပါတယ်။ ဥပမာ အမျိုးသား ရေး နဲ့ပတ် သက် လာရင် တင်းလွန်းရင်လဲ ပြတ်တတ်တယ်။ ဒါကြောင့် အလယ်အလတ်လမ်းစဉ်ကို လိုက်ဖို့ဆိုတာသိလာပါတယ်။ နောက်တခုက သူများခွဲတာမခံချင်ရင် အစ ကတည်းက ကိုယ့်အချင်းချင်း လုပ်ရမယ့် လုပ်ငန်းတွေ ကွဲကွဲပြားပြား သိထားသင့်တယ်ဆိုတာ ကိုလဲ လေ့လာခွင့်ရခဲ့ပါတယ်။ ကွဲပြားဖို့ မဟုတ်ပါဘူး၊ လက်နက် ကိုင် တပ်ဖွဲ့က ဘာတွေ လုပ်သင့် တယ်။ နိုင်ငံရေးပါတီ တွေက ဘာတွေလုပ် သင့်တယ် အစရှိသဖြင့်ပေါ့ ” -  ဟု SNLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ် ကပြောပါသည်။

၁၉၉၀ ရွေးကောက်ပွဲအတွက် ၁၉၈၈ အောက်တိုဘာ ၂၁ ရက်က SNLD ပါတီအတွက် မှတ်ပုံတင်ရာ ခွင့် ပြု ချက်ကျသည့် အောက်တိုဘာ ၂၆ ရက် နေ့ကို အစွဲပြုပြီး  ပါတီတည်ထောင်သည့်နေ့အဖြစ် သတ် မှတ်ရခြင်းဖြစ်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates