တောင်ကြီးမြို့တွင် လက်လုပ်မိုင်း (၃)လုံး ထပ်မံတွေ့ရှိ



သျှမ်းပြည်တောင်ပိုင်း မြို့တော်တောင်ကြီးရှိ ကန်အောက်ရပ်နှင့် ရတနာသီရိရပ် ကွက် ကြား မြဝတ် ရည်လမ်းနှင့် ခတ္တာ လမ်းထောင့် ရှိရေနုတ်မြောင်းတွင် ယမန်နေ့က လက်လုပ်မိုင်း ထပ်မံတွေ့ရှိ ကြောင်း ပြည်နယ်ရဲစခန်းထံမှ သတင်းရရှိပါသည်။


ရွှေတောင်ရပ်ကွက်ရှိ OK လက်ဖက်ရည်ဆိုင်ဆိုင်ပိုင်ရှင်ဦးထွန်းတင်က လက်လုပ်မိုင်းဟုယူဆရသော ပိုက်လုံးတစ်ခုကို တွေ့ရှိကြောင်း သက်ဆိုင်ရာရဲစခန်း အားအကြောင်းကြား ခဲ့သည် ဟု ဆိုပါသည်။

ထပ်မံတွေ့ရှိသော လက်လုပ်မိုင်း (ဓါတ်ပုံ- တောင်ကြီးမီဒီယာ)


“ရွှေတောင်ရပ်၊ နယ်မြေ (၃) တောင်တန်းရှည်လမ်းက ကိုမျိုးမြင့်က ရေနုတ်မြောင်းမှာ မသင်္ကာ ဖွယ်ရာ မိုင်းလို့ ယူဆရတဲ့အထုတ်တွေ့တယ်လို့ ဦးထွန်းတင်ကို လာပြီး ပြောပြတယ်လို့ ဆိုပါတယ်။ အဲတာနဲ့ ဦးထွန်းတင်က ရဲစခန်းကို အကြောင်းကြားတာပါ” ဟု တာဝန်ကျရဲကပြောသည်။



ကြွတ်ကြွတ်အိတ်ဖြင့် ထုတ်လျက် နှစ်ဖက် အဖုံးပိတ် ပါရှိသော အရှည် ၈ လက်မရှိ ပလပ်စတစ် ကွန်ကျူး ပိုက်တွင် စနက်တံကြိုးအရှည် ၂ လက်မခွဲပါ လက်လုပ်မိုင်း ဖြစ်ကြောင်း ရဲများက ပြောသည်။

လက်လုပ်မိုင်းများအား တာဝန်ရှိသူများက ရှင်းလင်းနေစဉ်(ဓါတ်ပုံ- တောင်ကြီးမီဒီယာ)


တောင်ကြီးမြို့က အေးချမ်းပါတယ်။ ဒါကိုဆူပူအောင်လုပ်ချင်နေတဲ့သူတွေကို သက်ဆိုင်ရာက အမြန်ဆုံး ဖော်ထုတ်ပေးစေချင်ပါတယ် ။ တစ်ချို့လူတွေက ဗုံး ၁၈ လုံးတွေ့တာ တို့ဘာ တို့ပြောနေကြပါတယ်။ မဟုတ်မမှန်တဲ့ သတင်းတွေပျံ့နေတာ ”ဟု တောင်ကြီးဒေသခံတစ်ဦးကလည်း ပြောသည်။ 



မြေပြင် အင်ဂျင်နီယာ တပ် နှင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရ.ပ.ခ )တို့မှ ရေမြောင်းအနီး တစ်ဝိုက်တွင် ဆက်လက်ရှာဖွေရာ အရွယ်တူ ကွန်ကျူးပိုက်(၂ )လုံး ၊စုစုပေါင်း (၃)တွေ့ရှိကြောင်း၊ ယင်းမိုင်းများအား ဒီဇင် ဘာ(၁၄) မနက် ၈ နာရီ ၅၀ အချိန်တွင် အ.ထ.က (၈) ကျောင်း (ယခင် အလက ၂ ) ရှိ ဘော်လုံးကွင်းသို့ ကျင်းလုပ်၍ ဖောက်ခွဲရှင်း လင်းလိုက်ကြောင်း နှင့် အမှုမှန်အားဆက်လက်စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သျှမ်းသံတော်ဆင့်မှ သတင်း ရှိရ ပါ သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates