လွတ်လပ်ရေးနေ့၌ ပစ်ခတ် တိုက်ခိုက် သံကြောင့် လူထု ထိတ်လန့်



သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့ မြို့နယ်ခွဲ အတွင်း အစိုးရ တပ်စခန်းတခုမှ လက်နက် ကြီးလက်နက်ငယ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ်မှုကြောင့် လွတ်လပ်ရေးနေ့တွင် လူထုတို့ ထိတ်လန့်ခဲ့ရ ကြောင်းဒေသခံ များကပြောသည်။


ယနေ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မိုင်းငေါ့မြို့ မြောက်ဘက် တမိုင်ခန့် အကွာရှိ ရန်ကင်း တောင် အခြေချ တပ်စခန်း က ဝမ့်လုံရွာဘက်သို့ လက်နက်မျိုးစုံ ပစ်ခတ်ရာ ကျောင်းဖိုင်းမိုင့် ဘုရားအနီး   လယ်ကွင်းထဲသို့ ကျည်တလုံး  ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံ ရပ်ရွာ အကြီးအကဲ ဤကဲ့သို့ပြောပြသည်။

001-  Mong Ngaw


“မနက်က လက်နက်ကြီး လက်နက်ငယ်ပစ်တယ်။ ရွာသားတွေတော့ မထိဘူး။ ဝမ့်လုံရွာက မိုင်းငေါ့ မြို့ထဲမှာပေါ့။ ဒီည ညဦးပိုင်းလဲ ပစ်သေးတယ်။ ပစ်ခတ်သံတွေက တိုက်ပွဲပုံစံဘဲ။  တပ်စခန်း လာတိုက်ခံရလို့ နှစ်ယောက်သေတယ်လို့လဲ ပြောနေကြတယ်။ ရွာသားတွေ အရမ်းလန့် နေတယ်အခု၊ ဘယ်သူမှ  အိမ် ပြင်မထွက်ရဲတော့ဘူး။” 


သို့သော် တိုက်ပွဲ သတင်းလုံးဝ မကြားမိကြောင်း ကျားဖြူပါတီက ပြောပါသည်။


“တိုက်ပွဲဖြစ်တယ်လို့မကြားမိပါဘူး။ အခုဘဲ ရွာက ကျနော်တို့ ပါတီဝင်တွေ လာသွားတယ်။ ဘာမှ မပြောဘူးဘဲ” - ဟု ကျောက်မဲမြို့ကျားဖြူပါတီ ဥက္ကဌ စိုင်းခမ်းကျော် ကပြောသည်။


မိုင်းငေါ့ မြို့ပေါ် နှင့် အနီးဝန်းကျင် မြို့ဆင်ခြေဖုံး ရပ်ကွက်များတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ များနှင့် မြန်မာ့တပ်မတော်တို့ အကြိမ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ဖူးပါသည်။

မိုင်းငေါ့မြို့သည် ကျောက်မဲမြို့၏ မြောက်ဘက် မိုင် ၂၀ ခန့် အကွာတွင်ရှိပြီး ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရ နမ့်ဆန်မြို့ အသွားလမ်းပေါ်တွင်တည်ရှိသည်။ အဆိုပါဒေသ၌ မြန်မာ့တပ်မတော်၊ ပလောင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်၊ သျှမ်းပြည်တပ်မတော် SSPP/SSA , RCSS/SSA  တို့ လှုပ်ရှား ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates