တောင်ကြီးမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းဆင်း ဆရာ/ ဆရာမများအား လက်မှတ်ပေးအပ်
၂၀၁၄ ခုနှစ်ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ ရေးလုပ်ငန်း မြို့နယ်ကော်မတီ မှ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် မြို့နယ်စာရင်းစစ် စာရင်းကောက် သင်တန်းဆင်း ဆရာ ဆရာမ များအား သင်တန်း ဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို တောင်ကြီးမြို့ကျောင်းကြီးစုရပ် အမက ၁၁ တွင် စနေနေ့က ကျင်းပခဲ့သည်။
သင်တန်းမှာ ဗဟိုအဆင့်နည်းပြ မှ ပြည်နယ်နည်းပြများအား ဖေဖော်ဝါရီ ၂၄ မှ ၂၈ အထိ၊ ပြည်နယ်နည်းပြမှ မြို့နယ်အဆင့်နည်းပြများအား မတ်လ ၆ ရက်မှ ၁၁ ရက်အထိ၊ မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက် သင် တန်းကို မတ်ခ်ျလ ၃ ရက် မှ ၂၂ ရက်အထိဖြစ်ကြောင်း သိရပြီး တောင်ကြီးမြို့ နှင့် ကျောက်တစ်လုံးမြို့ နယ်ခွဲ တို့ တွင် မတ်ခ်ျလ ၃၀ ရက်နေ့မှ စ၍ ဧပြီလ ၁၀ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်း ဆရာ/ ဆရာမများ |
ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သင်တန်းဆင်းစရင်းကောက် ဆရာမများအား ကောက်ကွက် ၊ အိမ် ထောင်စု များနှင့်ကြို တင်မိတ်ဆက်ထားပေးမည်ဖြစ်ပြီး ၊မတ်လ (၂၉) ညသန်းခေါင်ချိန်တွင် ဆေးရုံ ဆေးပေးခန်း။ ရွှေ့လျားအလုပ် သမားများ ၊ လမ်းဘေးတွင်ကျင်လည်ကျက်စားနေသူများအား စာရင်းကောက်ယူပြီး မတ်ခ်ျလ ၃၀ ရက် တွင် အိမ်ထောင်စုစာရင်းများစတင်ကောက်ယူ သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် /မြို့ နယ် ပညာရေးမှူး ဒေါ်ခင်ဝင်းမြင့် ထံမှသိရသည်။
နှိုးဆော်ရေးဆိုင်းဘုတ် |
“သန်းခေါင်စရင်းကောက်ယူတဲ့လုပ်ငန်းဟာ နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စ တွေမှာအ ကျိုးရှိစွာအသုံးချနိုင်မှာဖြစ်တဲ့အတွက် ဒီလိုကိစ္စရပ်မျိုးမှာ ပညာရေးဌာနကနေ ပူးပေါင်း ပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါတယ် ’’ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။
သန်းခေါင်စရင်းကောက်ယူ ရာတွင် သန်းခေါင်စရင်းကော်မတီ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ် မှူး၊ လ၀က နှင့်အခြားသော လူမှုအဖွဲ့အစည်း အစိုးရဝန်ထမ်းများ ပါဝင်ပြီး အိမ်ထဲဝင် စာရင်း ကောက် ယူရာ တွင်မူ တာဝန်ကျ ဆရာမတစ်ဦးတည်းသာဝင်ရောက်ကောက်ယူသွား မည်ဖြစ်ကြောင်း ၊အိမ်ထောင်စု တစ်စု အတွက် မေးခွန်းပုံစံ စုစုပေါင်း (၄၁) ခုပါရှိကြောင်း တောင်ကြီးမြို့နယ် လူဝင်မှု ကြီး ကြပ်ရေး လက်ထောက်မြို့ နယ်မှူး ဦးဝင်းနိုင် ထွေး မှ ရှင်းလင်းပြောပြ ခဲ့သည်။
Tags: General, News