မမျှော်လင့်ဘဲကျရောက်လာနိုင်မည့်အန္တရာယ်ကို ကြိုတင်ကာကွယ်ပေးပါ



သို့ - သျှမ်းသံတော်ဆင့်

တာချီလိတ်မြို့ တာလော့ရပ်ကွက် ပြည်သူ့စစ်စခန်း၌ တာလော့ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ ဇနီးသည်  တဖက်နိုင်ငံ မယ်ဆိုင်မြို့ ကော့ဆိုင်းရပ်ကွက်တွင်နေထိုင်ကာ    ထိုင်းသို့ခိုးဝင်သူများအား မယ်ဆိုင်ချောင်းမှတဆင့် တရားမဝင် ပို့ဆောင်ပေးနေပါသည်။

ထိုသို့သယ်ထုတ်ရာတွင် တာလော့ ပြည်သူ့စစ်ရံပုံငွေဟုခေါင်းစဉ်တပ်ကာ လူတစ်ဦးလျှင်  ၆၀၀ ဘတ် ကောက်ခံပြီး တနေ့လျှင် လူ ၇၀ မှ ၁၀၀ ကြား ပို့ဆောင်ကာ စီးပွားရေးရှာနေပါသည်။

တာလော့ရပ်ကွက်ပြည်သူ့စစ်များသည် ဒေသခံရပ်ကွက်သားများမဟုတ်သည့်အတွက် ရပ်ကွက်၏ လုံခြုံရေး ၊ သာရေးနာရေးများတွင် မိမိနှင့် မသက်ဆိုင်သည့်အလား လွန်စွာအားနည်းနေပါသည် ။ အဖွဲ့ခေါင်းဆောင် သည် အထက်ပါအမျိုးသမီးအား ပြည်သူ့စစ်လုပ်ငန်းများနှင့် အထွေထွေကိစ္စ ရပ်များအားစီမံခန့်ခွဲမှုပေးထားသလို ထင်ရပါသည်။

မိမိရပ်ကွက်သည် တဖက်နိုင်ငံနှင့် အလွန်နီးစပ်နေသဖြင့် တရားမဝင်ကူးသန်းမှုရှိသည့်အတွက် နိုင်ငံလုံခြုံရေး အခွန်ဘဏ္ဍာများ ဆုံးရှုံးသည့်အပြင် မမျှော်လင့်ဘဲကျရောက်လာနိုင်မည့်အန္တရာယ် များအားထိမ်းသိမ်းနိုင်ရန်အတွက် သက်ဆိုင်ရာ လူကြီးများနှင့်ရပ်မိရပ်ဖများ ပူးပေါင်း၍ ရပ်ကွက်၏ဒေသခံလူငယ်များနှင့် ပြည်သူ့စစ်များအား ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်သင့်ပါကြောင်း  အကြံပေးတင်ပြအပ်အပ်ပါသည်။

ရပ်ကွက်သားတစ်ဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates