သျှမ်းသံတော်ဆင့်အယ်ဒီတာ ခင်ဗျာ …



သို့

သျှမ်းသံတော်ဆင့်အယ်ဒီတာ ခင်ဗျာ …

သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်ခွဲ၊ ဟဲနန်းကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာရဲ့ မြောက်ဘက်၊ အမှတ် ၅၁၃ ခြေမြန်တပ်ရင်းရဲ့အနောက်ဘက်ရှိ ခြံပိုင်ရှင် ၂၇ ဦးပိုင်ဆိုင်တဲ့ မြေ ၅၈ ဧကလောက်ကို ၂၀၀၈ ခုနှစ်က ဟဲနန်းကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးခွန်အောင်ဝင်း က သိမ်းယူခဲ့ပါ တယ်။ ခြံပိုင်ရှင်တွေ မသိရှိဘဲ မြေတိုင်းဦးစီးဌာနနဲ့ ပူးပေါင်းပြီး ပုံစံ ၁၀၅ ပြုလုပ်ကာ သိမ်းယူခဲ့ တာ ဖြစ်ပါတယ်။

ယခုအခါ ဦးခွန်အောင်ဝင်း သေဆုံးသွားပြီဖြစ်ပေမဲ့ မြေတွေကို ခြံပိုင်ရှင်တွေက ပြန်မရသေးပါဘူး။ ဦးခွန်အောင်ဝင်းရှိစဉ်က ခြံမြေတွေကို ရောင်းချသော်လည်း အရောင်းမထွက်ခဲ့ ပါ။ ဒီခြံမြေတွေဟာ သူ့ခြံမြေမဟုတ်ဘူးဆိုတာ အများက သိနေလို့ပါဘဲ။ ယနေ့တိုင် အဲဒီခြံမြေတွေ ကို ဘယ်သူမှ ဘာမှမလုပ်ရဲပါဘူး။  ခြံပိုင်ရှင်တွေကလည်း မိမိခြံမြေ ပြန်တောင်းရာ သက်ဆိုင်ရာ ဌာနက တာဝန်ရှိသူတွေလည်း ခြံပိုင်ရှင်တို့ကို အကြိမ်ကြိမ် လာရောက်စစ်ဆေးမေးမြန်ပါတယ်။ ဒါပေမဲ့ တိုးတက်မှု တစုံတရာ မတွေ့ရသေးပါဘူး။

ဒါကြောင့် သမ္မတကြီး ဦးသိန်းစိန်၊ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ သိရှိပြီး ပြည်သူတွေ ရင် ဆိုင်တွေ့ကြုံနေရတဲ့ မြေပိုင်ဆိုင်မှု ပြဿနာ ကို ဖြေရှင်းပေးဖို့၊ တာဝန်ရှိသူတွေကလည်း မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့၊ ကျနော်တို့ ခြံပိုင်ရှင် ၂၇ ဦး မူလနေရာမှာ အမြန်ဆုံး ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်အောင် ဆောင် ရွက်ပေးဖို့ လေးစားစွာ တောင်းဆိုအပ်ပါတယ်။


လေးစားစွာဖြင့်
ခြံပိုင်ရှင်များ
၂၉/၄/၂၀၁၄




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates