လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ လိုင်စင်လုပ်ပေးရေး ကညနထုတ်ပြန်
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှုးဦးစီးဌာန မှ ၂၀၁၄ ခုနှစ် ဧပြီလအတွင်း မော်တော်ယဉ်လိုင်စင်လုပ်ပေးမည့်
One Stop Service လုပ်ငန်းများစတင်မည်ဟု ကညန ၀န်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါသည်။
မော်တော်ယာဉ် ၊မော်တော်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးခြင်း လုပ်ငန်းများ နှင့် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပေးရေးစီမံချက် (One Stop Service) လုပ်ငန်းများကို ဧပြီအတွင်း နယ်လှည့်ပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် အတွင်းနယ်လှည့်(ပုံမှန်) အဖြစ် ပင်လောင်းမြို့ တွင်လည်းကောင်း၊နယ်လှည့် (စီမံချက်)အဖြစ်ရပ်စောက်မြို့ တွင်လည်းကောင်း အသီးသီး လုပ်ဆောင် ပေးသွားမည်ဟုလည်းသိရှိရသည်။
Tags: General, News