သျှမ်းပါတီ ၂ ခု ၊ သျှမ်းစာ/ယဉ်နှင့်ရပ်မိရပ်ဖများစုပေါင်းပြီး စစ်ပြေးရှောင်သူများအားကူညီထောက်ပံ့



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ သျှမ်းနိုင်ငံရေးပါတီ နှစ်ခုဖြစ်သော ကျားခေါင်းနှင့်ကျားဖြူပါတီက သျှမ်း စာ/ယဉ်ကျေးမှုအဖွဲ့၊  ရပ်မိရပ်ဖများနှင့်အတူ ယမန်နေ့မနက်ပိုင်းက စစ်ပြေးရှောင်ဒုက္ခသည် စခန်းများရှိရာ နေရာများသို့ သွားရောက် အကူအညီပေးခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရ ရှိသည်။

စစ်ပြေးဒုက္ခသည်များရှိရာ ရွှေလီမြစ်တဘက်ကမ်း တရုတ်ပြည်ပိုင်နက်ထဲရှိ နမ့်လောဝ်၊ ရှောင်းယောင် ပန်၊ ကောင်းခမ်း  ကျေးရွာများရှိ စစ်ဘေးရှောင် ဒုက္ခသည်များစခန်းများနှင့် နမ့်ခမ်းမြို့ထဲရှိ မန့်ဟောင်း လုံ ဘုန်းကြီး ကျောင်းစခန်းတို့တွင် သွားရောက်လည်ပတ်ကာ အကူညီများပေးအပ်ခဲ့သည်ဟု ဆိုပါသည်။

 လူအင်အား ၂၉ ဦးဖြင့် အဆိုပါစခန်းများသို့သွားရောက်အကူအညီပေးခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့ ကျား ခေါင်းပါတီ SNLD ဒု- အတွင်းရေးမှုး စိုင်းဆိုင်ဖ ကဆိုသည်။

“ နမ့်လောဝ်  နဲ့ ရှောင်းယောင်ပန် ရွာမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ လိုအပ်မှုတော်တော်များတယ်၊ အိပ်ဖို့ အောက် ခင်းလည်းမရှိဘူး တမန်တလင်းပေါ်မှာပဲ ဖျာခင်းပြီးအိပ်နေရတာတွေ့ရတယ်၊ နေဖို့နေရာ လည်းလုံ လောက်မှု မရှိဘူး၊ ဒုက္ခသည် အများစုက သက်ကြီးရွယ်အို နဲ့ ကလေးတွေဖြစ်နေတာ တွေ့ရတယ် ” ဟု ဒု အတွင်းရေး မှူးက ပြောသည်။

အဆိုပါ ဒုက္ခသည်ခန်း ၂ ခုတွင် တရုတ်အစိုးရဘက်မှ နေခွင့်သက်သက်သာပေးပြီး အစားအသောက် များ ထောက်ပံ့ပေးခြင်းမရှိသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ပိုမိုရင်ဆိုင်နေရကြောင်းဆိုပါသည်။

“ တရုတ်ဘက်ခြမ်းမှာရှိတဲ့ ဒီစခန်းနှစ်ခုမှာ ကူညီစောင့်ရှောက်ပေးမယ့် စေတနာရှင်လည်းမရှိဘူး၊ တရုတ်အာ ဏာပိုင်ဘက်ကလည်း ဘာမှ ထောက်ပံ့မှုမပေးဘူး။ ဒါကြောင့် ကျနော်တို့ နမ့်ခမ်းမြို့ မန့်ဟောင်း ဘုန်းကြီး ကျောင်းကို ပြောင်းလာဖို့ တိုက်တွန်းလာခဲ့တယ်၊  ကောင်းခမ်း ဒုက္ခသည် စခန်းမှာတော့ ဒေသခံရွာသားတွေရဲ့ အကူအညီနဲ့နေ နေကြတယ်” ဟု ၄င်းကဆိုသည်။

ကျား၂ ကျားပါတီ၊ သျှမ်းစာ/ယဉ်ကျေးမှု နှင့်ရပ်မိရပ်ဖများစုပေါင်းပြီး စစ်ပြေးရှောင်သူများ နေထိုင် သည့် စခန်းတိုင်းတွင် ငွေ ကျပ် တစ်သိန်းမှ နှစ်သိန်း အထိ ပေးအပ်ကူညီခဲ့ကြောင်း၊ ထပ်မံကောက်ခံ ရမည့် ငွေကြေးများကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့ ရပ်ဖိရပ်ဖ တစ်ဦးကဆိုသည်။

တရုတ်ပြည်ဘက်ခြမ်းရှိ ဒုက္ခသည် စခန်းများတွင် စခန်း တစ်ခု လျှင်စစ်ပြေးရှောင် ဦးရေ ၂၀၀ ခန့်ရှိကြောင်း အကူအ ညီပေးရေး တွင်လိုက်ပါသော သူ များထံမှ သိရသည်။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates