မိုင်းရှူးမြို့ လွယ်ဆိုင်တောင်ပေါ်တွင် ယနေ့မီးလောင်မှုဖြစ်ပွါး



ဧပြီလ ၉ ရက် ယနေ့မနက် ၈ နာရီက သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်း ပတ္တမြားတွင်း တည်ရှိရာ လွယ်ဆိုင် တောင်ပေါ် တွင် နေအိမ် ၁၅ လုံး ထက်မနည်း မီးလောင်မှုဖြစ်ပွါးခဲ့သည်။


မီးလောင်သည့်အကွက်သည် သက်ကယ် တဲများရှိသော အကွက်တွင်ဖြစ်ပြီး အောက်ပြည်အောက်ရွာ မှ ပြောင်းရွှေ့လာသည့် ဗမာလူမျိုးတို့နေထိုင်သောအကွက် တွင်ဖြစ်ေ ကြာင်း၊ ပေါ့ဆမီးကြောင့်ဟု မိုင်းရှူးဒေသခံများကပြောသည်။ မီးလောင်ရခြင်းအကြောင်းရင်းနှင့် ထိခိုက် ဒဏ်ရာရမှု၊ ဆုံးရှုံးမှုများ ကိုတော့ သျှမ်းသံတော်ဆင့်မှ စုံစမ်းနေဆဲဖြစ်ပါ သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates