သံချပ်ကာကား နှင့် စစ်ယာဉ်တန်းများ တြိဂံတိုင်းမှ သံလွင်မြစ်ကမ်းသို့ဦးတည်



သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်  လက်အောက်ခံ စစ်သည်တင် ယာဉ်တန်းနှင့် တိုက်ပွဲဝင် သံချပ်ကာကားများ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့အသွား ကားလမ်းအတိုင်း သံလွင်မြစ်ဝှမ်းဘက်ဦးတည်သွားနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

၂၀၁၄ မေ ၁၆ နံနက် ၉ နာရီအချိန်တွင် သံချပ်ကာ ကား ၅ စီး၊ စစ်သည်တင် စစ်ယာဉ် ၃ စီး နှင့် စစ်သည်အချို့နှင့် စစ်လက်နက်ပစ္စည်း၊ စက်သုံးဆီ၊ စားနပ်ရိက္ခာတင် တရုတ်လုပ် စစ်သုံး တုန်းဖုန်း ကား ၃ စီး က ကျိုင်းတုံ တြိဂံတိုင်း စစ်ဌာနချုပ်မှ တောင်ကြီးသွား လမ်းမ အတိုင်း ခရီးနှင်နေကြောင်း ကြား သိရပါသည်။

 မြန်မာအစိုးရ၏ သံချပ်ကာကားများ (ဓါတ်ပုံ- SWL)

ကျိုင်းတုံ - တုံတာ - မိုင်းပြင်း လမ်းပေါ်  စစ်ရေးနှင့်ပတ်သက်သည့် အရေးပေါ်ကိစ္စရပ်များဖြစ်ဖွယ် ရှိသည်ဟု ကြားသိရသော်လည်း တစုံတရာအတည်ပြုနိုင်ခြင်းမရှိသည့်အပြင် စစ်ထောက်လှမ်းရေးနှင့် နီးစပ်သူတဦးက တော့ လက်ရှိအနေအထားနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်သို့ ပြောကြားပါသည်။

“ဟုတ်တယ် ကျနော်တွေ့တယ်။ စစ်ရေးတစုံတရာကြောင့် သံလွင်မြစ်ကမ်းဘက်ပို့တာတော့မဟုတ်ဘူး။ ၀ နယ်မြေနဲ့ ကပ်လျက်ရှိတဲ့ မက်မန်း ဘက်ကို ပို့ထားမယ်လို့တော့ကြားထား တာကြာပြီ။ အခုမှ ပို့တာလဲ ဖြစ်နိုင်တယ်”- ဟု တြိဂံစစ်တိုင်းရုံးနှင့်နီးစပ်သည့် အသိုင်းဝိုင်းကပြောသည်။

မက်မန်းမြို့နယ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ထည့် သွင်း ထားသော်လည်း ၀ တပ်ဖွဲ့ ၏ ထိန်းချုပ်အောက်တွင် ရှိမနေဘဲ အစိုးရ အုပ်ချုပ်ရေးပိုင်း ရောက် ရှိသည့်ဒေသဖြစ်သည်။

“မက်မန်းမှာ အဆင်သင့်ဖြစ်နေဖို့ အင်အားတောင့်တင်းနေဖို့လိုတယ်။ စစ်ကူလိုအပ်လာရင် သံလွင် အနောက်ခြမ်း SSPP/SSA ဘက်သို့သော်လည်းကောင်း၊  ဝ တပ်ဖွဲ့ UWSA (ပန်ဆန်း ဌာနချုပ်)သို့   သော်လည်းကောင်း အရေးပေါ် သွားရောက်ချက်ခြင်း အင်အားဖြည့်ပေးလိုက်ရတယ်” - ဟု တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ ဆက်ဆံရေးရုံးအသိုင်းအဝိုင်း တဦးကပြောသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖို့တို့သည်  မြန်မာ အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များဖြစ်ကြသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates