သီရိလင်္ကာ ဆန်းဒေးစကူး ကဲ့သို့ ဗုဒ္ဓဘာသာသင်တန်းကျောင်း နမ့်ခမ်းတွင်ဖွင့်လှစ်



(၀၀၄ အရင်ထဲ့ - ၀၀၃ အလယ် - ၀၀၂ နောက်ဆုံးမှထဲ့နော်  ဆရာ ရှမ်းလိုဂိုထဲ့ပေးနော် )- ကျောင်းဖွင့်ပွဲအခမ်းအနား
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာမေလ ၄ ရက်နေ့က ဗုဒ္ဓဘာသာသင်တန်းကျောင်း /ဓမ္မကျောင်းစတင်ဖွင့်လှစ်ခဲ့ပါတယ်။ သီရိလင်္ကာက ဆန်းဒေးစကူး (ဗုဒ္ဓဘာသာသင်တန်းကျောင်း)ပုံစံ တပတ်တခါ တနင်္ဂနွေ နေ့မှာဘဲဖွင့်လှစ်သင်ကြား မှာဖြစ်ပြီးတော့ ဇေယျသုခကျောင်းတိုက်က ပညာရေးပိုင်းဆိုင်ရာ ကျောင်း အုပ်ကြီး ဦးဓမ္မသီရိ M.A Sri lanka ကဦးစီးဖွင့်လှစ်တာဖြစ်ပါ တယ်။ကျောင်းတက်ပညာသင်ယူဖို့ ကျောင်းသား ၁၅၀ ကျော်ကို ကျောင်းကနေ ဘယ်ဘာသာရပ်တွေ သင်ကြားပို့ချမှာလဲ။ ဘယ်လိုသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမှာလဲ ဆိုတာ ဦးဓမ္မသီရိကို သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားပါတယ်။

 ကျောင်းဖွင့်ပွဲအခမ်းအနား 

မေး။     ။ ဓမ္မကျောင်း ဖွင့်လှစ်ရတဲ့အကြောင်း ရှင်းလင်းပြောပြပေးပါလားဘုရား။
ဖြေ။      ။ဒေသတွင်းလူငယ်တွေရဲ့တောင်းဆိုမှုလည်းပါတယ်။ သံဃာတော်တွေရဲ့သင်ကြားပို့ချပေးလိုတဲ့ ဆန္ဒ လည်းပါပါ တယ်။ ဒေသတွင်းလူငယ်လေးတွေ လိမ်မာယဉ်ကျေးအောင်၊ ဗုဒ္ဓဘာသာသာသနာပျံ့ပွားအောင် ရည်ရွယ်ပါတယ်။

မေး။     ။ဒီသင်တန်းဖွင့်ဖို့ ဘယ်လိုပြင်ဆင်မှု တွေရှိပါသလဲ။
 ဖြေ။      ။သီရိလင်္ကာနိုင်ငံမှာလုပ်တဲ့ ဆန်းဒေးစကူးလိုမျိုး ဦးဇင်းတို့ အတုယူပါတယ်။ အဲဒီမှာသင်တဲ့ အင်္ဂလိပ်ဘာသာစာ အုပ်ကို သျှမ်းလိုဘာသာပြန်ပြီးတော့ သင်ကြားဖို့စီစဉ်ပါတယ်။ ဒီသင်တန်းဖြစ်မြောက်ရေးအတွက် အဖွဲ့ဖွဲ့စည်းလိုက်တယ်။ မြို့နယ်သံဃာတော်အဖွဲ့နဲ့ သျှမ်းပြည်သံဃာ့နာယကအဖွဲ့ဆီကခွင့်တောင်းတယ်။ ပြီးရင် သင်တန်းဖြစ်မြောက် ရေးကော် မတီက ခဏခဏတွေ့ဆုံဆွေးနွေးပြီးမှ သင်တန်းဖွင့်ဖို့ ဆုံးဖြတ်ရတာပါ။

 မေး။     ။ပို့ချတဲ့ သင်ရိုးညွှန်းတမ်းတွေ သင်ခန်းစာတွေ အကုန်လုံးက သီရိလင်္ကာကအတိုင်းဘဲလား။
 ဖြေ။      ။ နဲနဲလေးကွာခြားမှုတော့ရှိတာပေါ့ ။ သင်ခန်းစာမှာပါတဲ့ သီရိလင်္ကာနိုင်ငံ ယဉ်ကျေးမှုအကြောင်းတွေကို သျှမ်းယဉ်ကျေးမှုအကြောင်းလေး ပြောင်းထည့်လိုက်တယ်။ ဆိုတော့    ဗုဒ္ဓဘာသာအပြင် သျှမ်းစာပေမသိသေးတဲ့ကလေး တွေအတွက်လည်း အဆင်ပြေသွားတာပေါ့။ ဂရိတ်ဝမ်း ကနေ ဂရိတ် အီလဲဝဲန်း အထိသင်ကြားပေးမှာပါ။ ဘာသာပြန်နေ တုန်း မပြီးသေးဘူး။ ဒီနှစ်ထဲမှာတော့ ဂရိတ်ဝမ်းနဲ့ ဂရိတ် တူး ဘဲ ပို့ချပေးပါမယ်။ သင်တန်းမှာ ပို့ချမည့် စာအုပ် ၁၁ အုပ် (၁၁ တန်းစာ) မှာ သျှမ်းလို ၃ အုပ် ဘာသာပြန် ထားပြီးဖြစ်ပါတယ်။

 ကျောင်းဖွင့်ပွဲအခမ်းအနား
မေး။     ။တပတ်မှတခါဘဲ ဆိုတော့ တနှစ်မှာ ၅၂ ပတ်ဘဲရှိမယ်လေ။ ဆိုတော့ ပို့ချမယ့် ဘာသာတွေကို သင်ခန်းစာတွေ ဘယ်လို အချိန်ဇယားချထားလဲဘုရား။
ဖြေ။      ။ အခြေခံမှာ အခန်း ၂၂ ခန်းရှိတယ်။ တချို့အခန်းကရှည်လျားတယ်။ အဲလိုရှည်တဲ့အခန်းဆိုရင်အချိန်က  ၂ ပတ် စာ ယူမယ်။ ၂ ရက်ပေါ့နော်။  တလမှာ သင်တန်းပို့ချချိန်  ၄ ရက် ဆိုတော့ ရှည်တဲ့အခန်းဆို တလ ၂ ခန်းပေါ့။ အကုန်လုံးပို့ချ နိုင်အောင် တနှစ်မှာ ၄၈ ခန်း  ခွဲထာတယ်။

 မေး။     ။အခုဖွင့်တဲ့ ဗုဒ္ဓဆန်းဒေးဆကူး ဓမ္မကျောင်းက ဒီနမ့်ခမ်းက ပထမ ဆုံးဖွင့်တာလား။
 ဖြေ။      ။ ဒီနမ့်ခမ်းတော့ ဟုတ်တယ်။ မူစယ်မြို့မှာတော့ မနှစ်ကတည်းက ဖွင့်ပါတယ်။ သျှမ်းပြည်တောင်ပိုင်းမှာ လဲရှိတယ်ကြားတယ်။ အသေအချာမသိရလို့။

မေး။     ။သီရိလင်္ကာသင်ရိုးညွှန်းတမ်း စာအုပ်တွေကို သျှမ်းဘာသာပြန်ဖို့ ကော်မတီဖွဲ့ထားလား။
 ဖြေ။      ။ကော်မတီ မရှိပါဘူး။ မူစယ်မှာ သီရိလင်္ကာကသင်ရိုးညွှန်းတမ်း မယူဘူး။ သျှမ်း ပေစာ ထဲကဟာတွေယူပြီးတော့ ပို့ချပေးတယ်။   ယဉ်ကျေးလိမ္မာ သျှမ်းပေစာထဲကယူတယ်။ ဗမာဘာသာစာအုပ်ထဲကယူတယ်။  

မေး။     ။အဲ့လိုဆိုရင် သူ့နည်းသူ့ဟန်နဲ့ သင်နေတာလား ဘုရား။ ရှေ့ဆက်သင်ရိုးညွှန်းတမ်းတွေဟာ ပရိယတ္တိသဓမ္မပါလ က ချလာပေးတာ ရှိလာနိုင်မလား။
 ဖြေ။      ။ရှိလာနိုင်ပါတယ်။ သျှမ်းပြည်သံဃာတော်များအဖွဲ့ကတာဝန်ရှိသူတွေ မကြာသေးခင်က လာပါတယ်။ လာမေးပါတယ် ။ ရှေ့ဆက်ဘယ်လိုဆက်လုပ်ကြမလဲ ။ ဦးဇင်းတို့ သျှမ်းပြည်ထဲကဓမ္မ   ကျောင်းတွေ နောက်ပိုင်းကျရင် တဖွဲ့တည်း တလမ်းတည်း သွားကြဖို့ ရှိတယ်။

 ကျောင်းဖွင့်ပွဲအခမ်းအနား
မေး။     ။ဒီသင်တန်းဖွင့်ဖို့  သာသနာဝန်ကြီးဌာနတို့ သျှမ်းပြည်သဃာ့နာယက အဖွဲ့တို့ဆီကို ခွင့်ပြုချက် စာတင်ရလား ။
ဖြေ။      ။မတောင်းရပါဘူး သျှမ်းပြည်သံဃာ့နာယက အဖွဲ့အတွင်းရေးမှူး စဝ်ဆုခမ်းတို့ ၊ ဦးဇင်းတို့ရဲ့ ဆရာသမား ဝါရင့်သံဃာတော်တွေဆီကိုတော့ အကြောင်းကြားတာရှိပါတယ်။  

မေး။     ။ဆန်းဒေးစကူးဆိုတော့ ခရစ်ယာန်ဘာသာနဲ့တူမနေဘူးလား ဘာလို့ ဥပုဒ်နေ့တွေမှာ မသင်တာလဲ။
ဖြေ။      ။ သီရိလင်္ကာနိုင်ငံမှာတော့ ကျောင်းနာမည်ကို ဆန်းဒေးစကူးလို့ နာမည်ပေးတယ်။  သို့ပေမယ့် ဦးဇင်းတို့ ဆန်းဒေး စကူးလို့ပြောရင်မိဘ ပြည်သူက အခုလို ယောင်မှားမှာစိုးလို့ ဓမ္မ  ကျောင်းလို့ နာမည်တပ်တာပါ။ စင်ကာပူ မလေးရှားမှာ လည်း ဓမ္မ စကူးလို့ဘဲနာမည်တပ်တာပါ။ ဦးဇင်းတို့ ဥပုဒ်နေ့မှာသင်ရင်တော့ ပိုကောင်းတာပေါ့။  ဒါပေမယ့် အစိုးရကျောင်း တက်ရက်တွေနဲ့တိုက်နေမှာကတကြောင်း၊  ကလေးတွေ အားလုံး တပြိုင်တည်းနားမယ့်ရက်ကို ခေါ်ချင်တာကတကြောင်းနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီဖြစ်စေချင်တာကတကြောင်း တနင်္ဂနွေနေ့ကို ရွေးပြီးလုပ်တာဖြစ်ပါတယ်။

မေး။     ။နမ့်ခမ်းမြို့ပေါ်မှာတော့ ဓမ္မ ကျောင်းဖွင့်နိုင်ပြီ။ တခြားမြို့ရွာ တခြားဒေသမှာကော် ဓမ္မ ကျောင်းဖွင့်ဖို့အစီအစဉ် ရှိပါသလား။
ဖြေ။      ။ရှိပါတယ်။ ကျနော်တို့ မြို့မှာ ဘုန်းကြီးကျောင်း ၇ ကျောင်းရှိတယ်။  ဘယ်ရပ်ကွက်အတွက် ဘယ်ကျောင်းမှာ ဓမ္မ ကျောင်း  ထပ်ဖွင့်မယ်ဆိုတာလဲ အစီအစဉ်ချထားပြီးသားဘဲ ။ မြို့ပြင် တခြားဒေသမှာလည်းဆက်ဖွင့်မှာပါ။ ဘာလို့လဲ ဆို တော့ ဒီသင်တန်းဖွင့်ဖို့ ဆရာအတတ်သင်တန်းခေါ်တုန်းက လာတက်တဲ့ဆရာ ၁၁၇ ယောက်ရှိတယ်။ ထုန့်လွယ်ဟိုဆေဘက် က လာတယ်။ မူစယ်ကလည်းပို့လာတယ်။ နမ့်ခမ်း မြို့နယ်ထဲက ရပ်ရွာအသီးသီးက ပို့လာတယ်။ အဲဒီဆရာတွေက သူတို့ ဒေသတွေမှာ အသီးသီးပြန်လည် ပို့ချမှာဖြစ်ပါတယ်။

မေး။     ။ ဆရာမွမ်းမံသင်တန်းက ဘယ်နှစ်ရက်ကြာသလဲ။
ဖြေ။      ။ မတ်ခ်ျလထဲမှာဖွင့်တယ်။ ၇ ရက်ကြာတယ်။ လာတက်တဲ့အထဲမှာ အမျိုးသား၊ အမျိုးသမီးပါတယ် သံဃာတော် တွေပါတယ်။ တချို့လည်း ဗုဒ္ဓဘာသာအကြောင်းကောင်းကောင်းမသိသေးဘူး။ မလေ့လာဖူးသေးဘူး အားနည်းချက် တခု ပေါ့။ သို့ပေမယ့် သျှမ်းဘာသာနဲ့ဘဲပို့ချလို့ ဒီဆရာတွေတော်တော်လေး နားလည်သွားကြတယ်။  အခု ဦးဇင်းတို့ဆီမှာ သင်တန်းသား ၇၅ ယောက်ပေါ့ ကိုရင်တွေလည်းပါပါတယ်။

မေး။     ။ဓမ္မ  သင်တန်းဖြစ်မြောက်အောင် အထောက်အပံ့ ဘယ်ကရသလဲဘုရား။
ဖြေ။      ။ငွေအင်အားကတော့ မြို့တွင်းရပ်မိရပ်ဖ ဒါယိကာ ဒါယိကာမ တို့၊ စီးပွါးရေးလုပ်ငန်းရှင်တချို့ရယ်၊ စာသင်ဆရာတော်သံဃာတော်တွေရယ် ဒေသခံ တွေရယ်ပေါ့။ ပေးလှူထောက်ပံ့ကြတယ်။ လူအင်အားကတော့ နမ့်ခမ်းစာပေယဉ်ကျေးမှု အသင်း၊ ကျားဖြူ ၊ ကျားခေါင်းပါ တီက လူငယ်တွေဖြစ်ပါတယ်။

မေး။     ။ဓမ္မကျောင်းအကြောင်း နဲ့ပတ်သက်ပြီး အရှင်ဘုရား ဘာတွေထပ်မိန့်ကြားဖို့ရှိသေးလဲဘုရား။
 ဖြေ။      ။ဓမ္မကျောင်း ဖွင့်ခြင်းအားဖြင့် ကနေ့ခေတ် လူငယ်တွေကို လိမ္မာရေးခြားရှိစေပါတယ်။ ဓမ္မကျောင်းဟာ စာပေနဲ့ ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။ ဦးဇင်းတို့ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ နိုင်ငံတကာအဆင့်မီ ဓမ္မကျောင်း ရှိပါပြီ။ နမ့်ခမ်းသာမက တခြားဒေသ မြို့နယ်မှာလဲ ဓမ္မ ကျောင်း ဖွင့်လှစ်ပေးဖို့ ဆရာတော်သံဃာတော်တွေကို  တိုက်တွန်းပါတယ်။  ဦးဇင်းတို့ ဓမ္မ ကျောင်း ဖွင့်နိုင်အောင် စတင်ပြီး တိုက်တွန်းနိုးဆော်တဲ့   ဆရာတော် ဦးနန္ဒဝံသ M.A Sri lanka ၊ စိုင်းလှအောင် (သစ္စာဘော်ဒါဆောင်)တို့အပါအဝင် အဘက်ဘက်က ကူညီထောက်ပံ့ပေးတဲ့ ပဂ္ဂိုလ်အားလုံးကို   ကျေးဇူးတင်တယ်။

နမ့်ခမ်းမြို့ ဓမ္မ ကျောင်း  ကိုဦးစီးဦးဆောင်ဖွင့်လှစ်ပေးတဲ့  နမ့်ခမ်းမြို့ဇေယျသုခ တိုက်အုပ် ဆရာတော် ဦးဓမ္မသီရိ (ထမ်းယွက်) ဟာ မြန်မာနိုင်ငံမှာ အစိုးရ ဓမ္မာစရိယ ကျမ်း ၁ ပါဠိပထမပြန်စာမေးပွဲအောင်မြင်ပြီး သီရိလင်္ကာနိုင်ငံမှာ ၂၀၁၁ ခုနှစ်က ဘီအေ အောနပ်စ်၊ ၂၀၁၂ က ကေလာနိယ တက္ကသိုလ် အဲမ်အေ ဘွဲ့ရရှိခဲ့ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates