လားရှိုးမြို့ ကမ္ဘောဇဘဏ်ရှေ့ဗုံးကွဲ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ကမ္ဘောဇဘဏ် ရှေ့တွင် ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ် ပွါးခဲ့သည်။
မေလ ၁၆ ရက်မနက် ၃ နာရီကျော်တွင် လားရှိုးမြို့ရပ်ကွက် ၃ ဗလီရှေ့ရှိ ကမ္ဘောဇဘဏ် ရှေ့ ထရန်စ်ဖော်မာအနီး ဗုံးထောင်ရာမှ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ထရန်စဖော်မာ ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ဒဏ် ရာရမှုနှင့်ဆုံးရှုံးမှုကာလတန်ဖိုး တော့မသိရသေးကြောင်း လားရှိုးမြို့ခံ များကပြောပါသည်။
ယနေ့မနက်ပိုင်း ဌာနဆိုင်ရာများသွားရောက်စစ်ဆေးခဲ့သော်လည်း လက်သည်ကိုမူ မသိရသေးဟုဆိုပါ သည်။
Tags: General, News


