ဂျယ်ဂေါင်သျှမ်းဒေသခံများအား တရုတ်အစိုးရတပ်မှစစ်ပညာသင်ပေး



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တဘက်ကမ်း ဂျယ်ဂေါင်မြို့အတွင်းမှ သျှမ်းဒေသခံများအား တရုတ် အစိုးရတပ်မတော်မှဆင့်ခေါ်ကာ စစ်ပညာသင်ကြားပေးနေသည်ဟု သိရသည်။

ဂျွန်လနောက်ဆုံးပတ်မှစ၍ ဂျယ်ဂေါင်ဒေသခံ သျှမ်းအမျိုးသား အမျိုးသမီးများအား အုပ်ချုပ်ရေးမှူး များမှတဆင့် ဆင့်ခေါ်ကာ တရုတ်နိုင်ငံ နယ်စပ်လုံခြုံရေး (ရဲ) စခန်းဝင်း၌ စစ်ပညာသင်ကြားပေး ခဲ့ သည်။ တက်ရောက်သူ နယ်စပ်ဒေသခံများအနက် ဂျယ်ဂေါင်ဒေသခံ သျှမ်းအမျိုးသား၂၄ ဦး၊ အမျိုး သမီး ၈ ဦး ပါဝင်သည်။

တရုတ်အစိုးရမှ စစ်ပညာသင်တန်းပေးနေသော ဂျယ်ဂေါင်မှ ဒေသခံများ
သင်တန်းချိန်အား နံနက် ၈ နာရီမှ ၁၁ နာရီ တကြိမ်၊ မွန်းလွဲ ၃ နာရီ မှ ညနေ ၅ နာရီအထိ တရက် နှစ်ကြိမ် ရှိသည်ဟုဆိုပါသည်။

“ကျမညီမသွားတက်ရတာ အခု ၅ ရက် ရှိသွားပြီ။ ဘာလုပ်ဖို့လဲမသိဘူး။  လိုအပ်တဲ့အခြေခံစစ်ပညာ သင်တန်းပေါ့။ သေနတ်လဲ ပစ်ကျင့်ရတယ်။ လူတွေကို အလဲထိုးတဲ့ ကိုယ်ခံနည်းပညာလဲသင်ရတယ်။ ရှေ့အပတ်ထဲ ဖမ်းချုပ်တဲ့ နည်းတင်ပေးမယ်တဲ့။ ဒီစနေ တနင်္ဂနွေတော့ နားတယ်။ တနင်္လာနေ့ ပြန် စရ မယ်။ သင်တန်းက ဘယ် နှစ်ရက်ဆက်ကြာမယ် ဆိုတာမသိသေးဘူး” - ဟု ဆောင်တိုင်းမောဝ်း က ပြောသည်။

“အခုပေးတဲ့သင်တန်းက အရင်ကလည်းပေးဖူးတယ်။ အဲဒီတုန်းက ဗမာလိုပြောရရင် ပြည်သူ့စစ်ပေါ့။ အခုဟာလဲ မိမိရပ်ရွာအတွင်း ဒုစရိုက်တွေပေါ်လာရင်၊ နယ်စပ်ဖြတ်ကျော်မှု ဒုစရိုက်သမားတွေကို ဝိုင်း ဝန်းနှိမ်နှင်းဖို့ပါ၊ သင်တန်းက အချိန်ပိုင်းဘဲဆိုတော့ ရက် ၂၀ တလလောက်ပေါ့” - ဟု တရုတ်နယ်စပ် လုံခြုံရေးအရာရှိနှင့်နီးစပ်သည့် ထွန့်မောဝ်းဒေသခံ စိုင်းကောက သျှမ်းသံတော်ဆင့်အား ပြောသည်။

မြန်မာနိုင်ငံနယ်စပ် (တရုတ်နိုင်ငံ) ရွှေလီခရိုင် ဂျယ်ဂေါင် နှင့် ရွှေလီမြို့တို့တွင် တရုတ်အာဏာပိုင်များ က အကြောင်းအမျိုးမျိုးပြကာ မြန်မာနိုင်ငံသား ၆၀၀ ကျော်ဖမ်းဆီးထားကြောင်း၊ သီးခြားအတည်ပြု ချက်မရသေးသည့် သတင်းအရ အဆိုပါဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများအား တရုတ် - မြန်မာ မီးရထားလမ်း (တရုတ်ဘက်ခြမ်း) ဖေါက်လုပ်ရေးအတွက် အဓမ္မလုပ်အား စေခိုင်းခြင်းခံရသည်ဟု ဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates