သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖွဲ့ အား သိစေရန်
သို့ ၊ သျှမ်းသံတော် သတင်းဌာနမှတစ်ဆင့်
သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖွဲ့ အား သိစေရန်
ဂျွန်လ ၂၈ ရက်က သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ကျနော်တို့ သျှမ်းပြည်နယ်မြောက်ပိုင်း ၊နမ့်ခမ်း မြို့ ကို ရောက်ရှိလာတဲ့အတွက် ကျနော်ဝမ်းသာမိပါတယ်။
![]() |
| သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ နမ့်ခမ်းမြို့သို့ရောက်ရှိစဉ် လူထုနှင့်တွေ့ဆုံပွဲကျင်းပ |
နမ့်ခမ်းမြို့စည်ပင်ကော်မတီ ဥက္ကဌ ဦးစိုင်းချစ်ဆွေ က နမ့်ခမ်းမြို့ တွင်းရှိကားလမ်းမများ ပျက်စီးနေမှုသည် တန်ပိုတင်ဆောင်နေသော ၁၂ ဘီး ကုန်တင် ကားများ ကြောင့်ဟု သျှမ်းပြည်နယ်ဝန်ကြီး ချုပ်အဖွဲ့ ကို တင်ပြထားတာကြားရပါသည်။
သို့သော် ကျနော်တို့မြို့တွင်းလမ်းများ ပျက်စီးနေမှု သည် တရုတ်ပြည်ဘက်သို့ ၂၄ နာရီလုံးလုံး တရုတ်ပြည်ပိုင် ဆီလီကွန် ကားကြီးများစည်းကမ်းမဲ့ပြေးဆွဲနေမှုကြောင့် လမ်းများ ပျက်စီးရသည့် အကြောင်းမှာ လူသိနတ်သိပါ။ အဘယ်ကြောင့် စည်ပင်ကော်မတီ ဥက္ကဌ ဦးစိုင်းချစ်ဆွေ က သျှမ်း ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များကို လိမ်လည်တင်ပြရသလဲ ။
မှ- တွေ့ဆုံပွဲတွင်တက်ရောက်ခွင့်ရပြီးတင်ပြခွင့်မရသည့်သူတစ်ဦး
Tags: Letter to Editor


