ခန္ဓာကိုယ်နှစ်ခု ခွဲစိပ်ပြီးသည့်ကလေးငယ် နှလုံးအမြှေးပါးပေါက်ရောဂါ ဆက်လက် ခွဲစိပ်ရဖွယ်ရှိ
ရင်ညွန့်မှခြေလက်တစုံအပိုထွက်လာသည့် သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ်မှ ကလေး လေး မှာ ခွဲစိပ်ကုသမှုခံယူပြီးစီးခဲ့ပြီးဖြစ်သော်လည်း အဆုတ်ချွဲကပ်သည့်ရောဂါနှင့် နှလုံးအမြှေးပါးပေါက် နေသည့်ရောဂါကိုပါ ကုသမှု ဆက်လက်ခံယူရန် ဆရာဝန်က ပြောဆိုလိုက်သည်ဟုဆိုပါသည်။
![]() |
| ခွဲစိပ်ကုသမှုခံယူပြီးစီးသည့်အသက် ၆ လ အရွယ်ကလေး |
အသက် ၆ လ အရွယ် အဆိုပါကလေးမှာ လက်ရှိ ကျန်းမာရေးအခြေအနေကောင်းမွန် နေကြောင်း၊ တာဝန်ကျဆရာဝန်ကြီးများ၏ စောင့်ရှောက်မှုအောက်တွင် အနီးကပ်ပြုစုမှုခံ ယူရကြောင်း၊ နှလုံးအမြှေးပါးရောဂါကြောင့် အောက်ဆီဂျင်ဘူးဖြင့် အသက်ကူရှူပေးနေရသေး သော်လည်း စိတ်ပူဖွယ်ရာမရှိကြောင်း တာဝန်ကျ သူနာပြုဆရာမကြီးက ပြောသည်။
“ကျနော်တို့ကို ထိုင်းနိုင်ငံမှာ ဆေးကုခွင့်ရအောင် အကြံဉာဏ်ရော လူအားရော ငွေအားရော ကူညီထောက်ပံ့ပေးတဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံမှာ သူများစကားနားမလည်တဲ့ကျနော်တို့ကိုအဆင်ပြေအောင် အစစအရာရာ ကူညီပေးတဲ့ သျှမ်းအမျိုးသမီး SWAN ကိုလည်း ကျနော်အထူးဘဲ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ခွဲစိပ်ကုသမှုစရိတ်အားလုံးကို တာဝန်ယူပေးတဲ့ မဟာရတ်နခွန်းချင်းမိုင် ဆေးရုံကြီးကို အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။ ဘာမှ စိတ်မပူရပါဘူးလို့ ရွာမှာကျန်ခဲ့တဲ့သူကို စကားပါးချင်ပါတယ်” ဟု ကလေး၏ဖခင် က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ဦးခေါင်းတလုံးတည်းပါပြီး ပင်မခန္ဓာကိုယ်၏ ရင်ညွန့်မှ ခြေလက်တစုံပိုပါသည့် သီပေါမြို့နယ်မှ ကလေးငယ် ကို ဂျွန်လနောက်ဆုံးပတ် အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မဟာရတ်နခွန်းချင်းမိုင် (ဆွန်ဒေါက်)ဆေးရုံက အောင်မြင်စွာခွဲထုတ်ပေးနိုင်ခဲ့သည်။
Tags: General, News


