ပြင်လုံသတ္တုတူးဖော်ရေးစီမံကိန်းဖြင့်သိမ်းယူခဲ့သော မြေများပြန်လည် ရရှိရန်တောင်သူများတောင်းဆို
သို့- သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းနယ် မန့်နားရပ်ကွက် အတွင်းရှိလယ်ယာ မြေများ ကို ယခင်အစိုးရ လက်ထက်တွင် သိမ်းထားသည့်မြေဧကပေါင်း(၇.၅)ဧက ကိုပြန်လည်ရရှိရန် ပြည်ထောင် စု လွှတ်တော်ထံ တင်ပြသော်လည်း ပြန်မရသေးကြောင်း လယ်ယာသိမ်းခံရ တောင်သူများက ပြောသည်။
![]() |
| ၂၄ နှစ်ကြာ အသိမ်းခံရ ဒေသခံများ၏ လယ်ယာမြေများ ( ဓါတ်ပုံ- စိုင်းဆန်ဇမ်) |
၉.၈.၂၀၁၃ နှင့် ၂.၁၂.၂၀၁၃ နေ့တွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့် အခြားမြေများ မတရားသိမ်းဆည်းခံရမ၍ကော်မရှင် နေပြည်တော်ထံသို့ ၂ ကြိမ်တိုင်တင်ပြခဲ့သော် လည်း ယခုချိန်ထိ ပြန် လည်တုန့်ပြန်ခြင်း မရှိသေးပေ။
၎င်းလယ်ယာမြေများကို ယခင်အစိုးရလက်ထက်က ပြင်လုံသတ္တု တူးဖော်ရေးစီမံကိန်း ကြောင့် သိမ်းခဲ့ပြီး သတ္တုတွင်းဝန်ကြီးဌာန ဘူမိဗေဒလေ့လာရေး နှင့် ဓါတ်သတ္တုရှာဖွေ ရေးဦးစီးဌာန (ကွင်းဆင်း)အား ယာယီအခြေစိုက်စခန်း အဖြစ်အသုံးပြုခဲ့ ပါသည်။
လယ်ယာမြေများကို သိမ်းယူခဲ့စဉ်တွင် လယ်ယာမြေပိုင်ရှင်များထံ ခွင့်တောင်းခြင်း၊ မြေအစား ထိုး လျော်ကြေး၊ သီးနှံလျော်ကြေးပေးခြင်းမရှိခဲ့ပေ။ လယ်ယာမြေပိုင်ရှင်များကန့်ကွက်ခဲ့ရာတွင် ယာယီ အသုံးပြုမယ်ဆိုပြီးယခုအချိန်တွင် အုတ်တံတိုင်းများဖြင့် အခိုင်အမာဝန်းရံထားပြီး အပိုင်သိမ်း ထား သည်မှာ ၂၄ နှစ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်ပါသည်။
လယ်ယာမြေများကို ပြင်လုံသတ္တုတူးဖော်ရေးစီမံကိန်းဖြင့် သိမ်းယူခဲ့သော်လည်း ယခုအချိန်ထိ ယာယီအခြေစိုက်စခန်းတွင် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ၀န်ထမ်းများနေထိုင်ခြင်း တို့ကိုမတွေ့ရှိ ဘဲ ၄င်းမြေယာကို အခြားသောတောင်သူများထံ မြေငှားချထားခြင်း နှင့် ရောင်းချရန် ကောလဟာလ သတင်းများလည်းထွက်ရှိနေ ပါသည်။
အဆိုပါ လယ်မြေများကို ယခင်အစိုးရလက်ထက် (၁၉၈၉-၉၀)ခုနှစ်တွင် မန့်နားရပ်ကွက်ပြင်လုံ သတ္တုတူးဖော်ရေးစီမံကိန်းကြောင့် သိမ်းယူခဲ့ပြီး ယခုအခါ စီမံကိန်းပြီးဆုံးခြင်းကြာလှပြီဖြစ် ပါသည်။
စိုင်းဆန်ဇမ်
Tags: Letter to Editor


