ထိုင်း - မြန်မာ (ချင်းဒေါဝ်း - ပုံပါကျင်) ဘီပီဝမ်း နယ်ခြားဂိတ်တရက်သာဖွင့်လှစ်



သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ မြို့ နယ် နှင့်ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါဝ်း နယ်ခြားမိုင်တိုင် ဘီပီဝမ်း ဂိတ်အား ဩဂတ်စ် ၁၄ ရက် ‘အာဆီယံ သစ်တော စီမံကိန်း’အထိမ်းအမှတ် အဖြစ် တရက်သာ ဖွင့်လှစ်ပေးခဲ့သည်ဟု ကြားသိရပါသည်။



ထိုင်းနိုင်ငံအာဏာသိမ်း စစ်တပ် မှ ချင်းမိုင်ခရိုင် ချင်းဒေါဝ်းမြို့နယ်နောင်အုပ် အုပ်စု အခြေစိုက် တပ်မှူး နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်းလှုပ်ရှားသည့် စစ်ကြောင်းမှူးတို့က ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံဒေသခံများ ရင်းရင်းနှီးနှီး ရှိဖို့နှင့် နှစ်နိုင်ငံကြား သစ်တောထိမ်းသိမ်းဖို့ ဖြစ်ကြောင်း - နယ်ခြားဂိတ် တရက်သာဖွင့်လှစ်ရေးတွင်ပါဝင်သည့် စိုင်းစစ် ကပြောသည်။


“ဒီဘက်က ဘုန်းကြီး ၅ ပါး၊ သျှမ်းပြည်ဘက်က ဘုန်းကြီး ၄ ပါး၊ ပင့်ဖိတ်တယ်။ အလှူအဒါန်းပွဲလုပ် တယ်။ စိုက်ပျိုးရေးအတွက် မျိုးစေ့တွေ လက်ဆောင်ပေးတယ်။ အားကစားပြိုင်ပွဲလုပ်တယ်။ ဈေးရောင်းပွဲတော်ကို  ဟိုဘက်ကမ်းက လူရာဂဏန်းလောက်လာတယ်” - ဟု စိုင်းစစ်က ပြောသည်။


၂ နိုင်ငံဒေသခံများ ချစ်ကြည်ရင်းနှီးရေး ဈေးရောင်းပွဲတော် နှင့် အလှူအဒါန်းပွဲ၊ အားကစားပွဲ အတွက် နှစ်နိုင်ကြားနယ်ခြားဂိတ် တရက်သာဖွင့်လှစ်ရေး အခမ်းအား ချင်းဒေါဝ်း မြို့နယ် နောင်အုပ် ကျေးရွာအုပ်စု ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။


“ အခု လုပ်တဲ့ပွဲက ကျနော် မသွားအားဘူး။ ကျနော်တို့မြို့နယ်ခွဲအတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျေးရွာအုပ်ချုပ်ရေးမှူးတွေသွားတယ်” - ဟု မိုင်းတုံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် အမတ် စိုင်းဝင်းမြတ်ဦးကပြောသည်။


ယခုကဲ့သို့အလားတူသည့် ပွဲတော် အား ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းက ပထမ အကြိမ်ဖွင့်လှစ် ခဲ့ပြီးဖြစ်သည်ဟုသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates