မြန်မာ့ပြည် တန်ဆာ ခေါင်းပုံဖြတ် မခံရရေး ယူအဲန် အမျိုးသမီးများ စင်္ကာပူ၌ ဆွေးနွေး



စင်ကာပူနိုင်ငံတွင် အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက်က ကျင်းပသော Asian Women Parliamentarian Conference 2014 တွင် မြန်မာနိုင်ငံအမျိုးသမီးများ အခွင့်အရေးအပါအဝင် ပြည့်တန်ဆာလုပ်ငန်း ခေါင်းပုံဖြတ် မခံရရေးအတွက် ဆွေးနွေးကြသည်။

 ဆွေးနွေးပွဲတက်ရောက်သူများစုပေါင်းဓါတ်ပုံရိုက်ကြစဉ် (Photo: NNT)

စင်ကာပူနိုင်ငံရှိ ယူအဲန်အမျိုးသမီးအဖွဲ့က ကမကထပြုကျင်းပခဲ့သော Women Policy and political leadership ဆွေးနွေးပွဲတွင် မြန်မာ့ပြည့်တန်ဆာလုပ်ငန်းသည် တရားမဝင်လုပ်ငန်းဖြစ် နေသေးသည်ဖြစ်ရာ လိင်လုပ်သားများသည် လုပ်ငန်းရှင်များ၏ခေါင်းပုံဖြတ်မှုခံနေရသည့်အကြောင်းပါ ထည့်သွင်းဆွေးနွေးခဲ့သည်။


တဖက်တွင်လည်း ဒေသခံအာဏာပိုင်များက ၎င်းလုပ်ငန်းအပေါ် ငွေညှစ်လာဘ်စားသောကြောင့် နိုင်ငံတော်မှ ရသင့် ရထိုက်သော ဝင်ငွေများ ဆုံးရှုံးရကြောင်း ထို့အတွက် မည်သို့ထွက်ပေါက်ရှာမည်ကို ဆွေးနွေး ကြောင်း ကြားသိရပါသည်။

Asian Women Parliamentarian Conference 2014 (Photo: NNT)

“အာရှထဲက တခြားသော နိုင်ငံတွေမှာကော ပြည့်တန်ဆာလုပ်ငန်းအတွက် ဥပဒေရှိပါလားပေါ့။ ရှိတယ် ဆိုရင် ဘယ်လိုဥပဒေတွေရှိသလဲ။ အဲဒီလုပ်ငန်းကို ဥပဒေနဲ့တရားဝင်ခွင့်ပြုထားတာ ကောင်းကျိုး ဆိုးကျိုး ဘယ်လိုရှိပါသလဲ စတာတွေ ဆွေးနွေးမေးမြန်းကြည့်ပါတယ်။” - ဟု တက်ရောက်သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နန်းဝါနုက သျှမ်းသံတော် ဆင့်သို့ပြောပြ သည်။


“ထိုင်းနိုင်ငံမှာလဲ ဒီကိစ္စတားမြစ်ထားတယ်။ လက်တွေ့မှာ ဒီလုပ်ငန်းအပေါ် ဘယ်သူမှ မဟန့်တားနိုင် ဘူး။ ဒီတော့ တရားမဝင်လုပ်ငန်းကို အားပေးတဲ့သူတွေကဘဲ ရိုက်စားသွားတယ်။ အာဏာပိုင်တွေလဲ လာဘ်ပေး လာဘ်ယူနဲ့ ချစားမှုတွေ ပိုများလာတယ်။ ကျနော်တို့နိုင်ငံလဲ ဒီအတိုင်းဖြစ်လာမှာဘဲ။ အခု တောင်မှ တအားများနေပြီ” - ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား စိုင်းဝမ်း က ပြောသည်။


မြန်မာနိုင်ငံပြည့်တန်ဆာလုပ်ငန်းနှင့်ပတ်သက်၍လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် မစန္ဒာမင်းက “ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေဟာ ယနေ့ခေတ် ကာလနှင့်လိုက်လျောညီထွေမှု မရှိတော့တဲ့အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲရန် အစီအစဉ်ရှိမရှိ”  ဟု ယမန်နှစ်က ပြည်သူ့လွှတ်တော်သို့ တင်ပြမေးမြန်းခဲ့ဖူးပါသည်။


စင်္ကာပူ၌ ကျင်းပလျက်ရှိသည့် အစည်းအဝေးတွင်- အာရှနိုင်ငံရှိ လွှတ်တော် ကိုယ်စားလှယ် အမျိုးသမီး များ အုပ်ချုပ်မှုပိုင်းနှင့်တရားစီရင်မှုပိုင်း တွင်ပါဝင် မှုအားနည်းနေခြင်း၊ အမျိုးသမီးများအတွက် ဥပဒေနှင့် ရပိုင်ခွင့် စသည်တို့ကို ဆွေးနွေးပွဲပထမနေ့တွင် ဆွေးနွေးခဲ့ပါသည်။ အောက်တိုဘာ ၁၇ ရက် ယနေ့ ဆွေးနွေးပွဲတွင်မူ အမျိုးသမီးများ မီဒီယာပိုင်းတွင်ပါဝင်မှု စသည်တို့ပါဝင်သည်ဟုဆိုသည်။


အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ၄ ဦးတက်ရောက် သည်။ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ နီပေါ နိုင်ငံ၊ မွန်ဂိုးရီးယားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်ဝမ်နှင့် စင်ကာပူနိုင်ငံ တို့မှ အမျိုးသမီးများလည်းတက်ရောက်ပါသည်။


တက်ရောက်သည့်မြန်မာနိုင်ငံသားလေးဦးမှာ ကွန်ဟိန်းမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းဝါနု၊ ကရင်အမျိုးသမီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန့်ဆေးဟွား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ် ဖြူဖြူသင်း နှင့် ဒေါ်စုစုလွင် တို့ ဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates