ဒေါက်တာ ဓမ္မသာမိ၏ မွေးနေ့ပွဲ တက်ရောက်ရန် မိုင်းဖုန်း ဆရာတော် ကြွရောက်



သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်က မိုင်းဖုန်းဆရာတော်ဘုရားသည် ယနေ့မနက်က တောင်ကြီးမြို့ သို့ရောက် ရှိကာ စူဋာမုနိ လောကချမ်းသာဘုရားသို့ ကြွရောက်ပြီး ပရိသတ်များအား တရားဟောကြား တော်မူခဲ့သည်။






တောင်ကြီးသို့မရောက်သည်မှာ ၁၅ နှစ်ကာလ ကြာပြီဖြစ်သောကြောင့် ၀င်ရောက်တရား ဟောကြားခြင်းဖြစ် ကြောင်းဆရာတော်က မိန့်တော်မူသည်။

ဆရာတော်အား လူထုထောင်ချီက ကြိုဆိုကာ  တရားတော်နာယူခဲ့ကြသည်။

ဆရာတော်သည် ပင်လုံမှတဆင့် လဲချားမြို့သို့ခရီးဆက်မည်ဖြစ်ပြီး ဒေါက်တာ ဓမ္မသာမိ၏ မွေးနေ့ပွဲတက်ရောက်မည်ဖြစ်ကြောင်းမိန့်တော်မူပါသည်။

ဒေါက်တာ ဓမ္မသာမိ၏မွေးနေ့ပွဲကို ဒီဇင်ဘာလ နှောင်းပိုင်းတွင် ကျင်းပမည်ဖြစ်ပါသည်။

မိုင်းဖုန်းဆရာတော်ဘုရားမှာမူ စစ်အစိုးရလက်ထက်က ၂၀၀၅ ခုနှစ်က  ပြည်ထောင်စု ပြိုကွဲစေရန် တရားတော်များဟောကြားမှု၊ တရားမဝင် အဖွဲ့အစည်းများ ဆက်သွယ်မှု စသဖြင့် စွပ်စွဲပြောဆိုခြင်းခံရသဖြင့် ၁၀ နှစ်ခန့် တိမ်းရှောင်ခဲ့ရ သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates