သျှမ်းပြည်တွင် စစ်အာဏာရှင်စနစ် ရှင်သန်နေဆဲ
သို့- သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် ဝမ့်ဟိုင့်အုပ်စုအခြေစိုက် ၇၅၈ ဝမ့်ပန် ပြည်သူ့စစ် တပ်ဖွဲ့သည် ဒေသတွင်းလူထု၏ လယ်ယာမြေနှင့်အိမ်မွေးတိရိစ္ဆာန်များကို အဓမ္မသိမ်းဆည်းနေပါသည်။
ကာလိန်ထွဲ့ ဦးဆောင်သော အဆိုပါပြည်သူ့စစ်တပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ၇၅၈ ဝမ့်ပန်ရုံးတွင်အစည်းအဝေးပြုလုပ်ကာ ဝမ့်ပန်အုပ်စုအတွင်းက လယ်ယာမြေ ဧက ၂၀ ထက်မ နည်း ပိုင်ရှင်အားအသိမပေးဘဲ သိမ်းယူလိုက်ပါသည်။
လုံးနန်တော၊ ပါ့မတ်၊ လုံးဂန္ဒီ၊ လုံးစရေးဆော၊ လုံးအင်တာမူး၊ လုံးစမ်ခေး၊ စိုင်းတောတုန်း၊ စိုင်းစော သိန်း၊ စိုင်းခမ်းဆာ၊ စိုင်းဆန်အော တို့၏ လယ် ယာမြေ ဧက ၂၀ ကျော်ဖြစ်ပြီး စိုင်းဆော၊ လုံးလိတ် နှင့် နမ့်ဟိုလုံရွာသားများ၏ ကျွဲနွား ၃၀ ကျော် တို့ကိုရိုက်သတ်စားသောက်ခဲ့ပါသည်။
တချို့နေရာများတွင် ကျွဲနွားမြင်းများကို မိမိကိုယ်တိုင် ပစ်သတ်စားသောက်ခဲ့ကြောင်း ခေါင်းဆောင် ကာလိန်ထွဲ့က အဖွဲ့ဝင် ၁၀၀ ကျော်တက်ရောက်သော အစည်းအဝေးကြီးတွင် ပြောပြခဲ့ဖူးပါသည်။
ထို့ထက်မက ဒေသတွင်းလူထုတို့ နေ့စဉ်ရုန်းကန်လုပ်ကိုင်စားသောက်နေရသည့်ဘ၀ ကိုလည်း အေး အေးချမ်းချမ်း လုပ်ခွင့်မပေးဘဲ မိမိလယ်ယာမြေတွင် လုပ်ကိုင်နေလင့်ကစား ခြိမ်းခြောက်ပြောဆိုခြင်း သေနတ်ပစ်ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။
ထိုအတွက်ကြောင့် ဒေသတွင်းလူငယ်များလည်း အိမ်နီးချင်းနိုင်ငံများသို့ထွက်ပြေးကာ အလုပ်လုပ်ကြ ရသည်။
ထိုသို့သော စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်နေသေးသည့်အပေါ် သျှမ်းပြည်နယ်အစိုးရမှ ကူညီဖြေရှင်းပေးပါရန် သျှမ်းသံတော်ဆင့်မှတဆင့် အကြောင်းကြားတင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
အိုက်ထတ်
Tags: Letter to Editor