SNLD ပါတီတည်ထောင်ခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲ နမ့်ခမ်းမြို့၌ကျင်းပ



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကျားခေါင်း ပါတီ၏ ၂၆ နှစ်ပြည့် ပါတီတည်ထောင်ခြင်းအခမ်းအနားကို  နိုဝင်ဘာလ ၃ ရက် နေ့လည်ပိုင်းက ကောင်းနောင်မို ရပ်ကွက် ကျားခေါင်းရုံးရှေ့ရှိ (တိုင်း)  ခန်းမတွင် ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။




အောက်တိုဘာ ၂၆ ရက်နေ့သည် SNLD ကျားခေါင်းပါတီတည်ထောင်ခြင်း ၂၆ နှစ်ပြည့်မွေးနေ့ဖြစ် ခဲ့သော်လည်း   ထိုနေ့တွင် ကျင်းပနိုင်ခြင်း မရှိဘဲ နိုဝင်ဘာ ၃ ရက်မှသာ ကျင်းပခဲ့ရကြောင်း၊ နမ့်ခမ်း မြို့နယ်ရှိ ကျားခေါင်း ပါတီဝင် ရ၀၀ ကျော် ဖိတ်ကြားထားကြောင်း သို့သော် အခြေအနေအမျိုးမျိုး ကြောင့်ပါတီဝင် ၃၀၀ နီးပါးသာတက် ရောက်လာကြောင်း SNLD ကျားခေါင်းပါတီ ဒု- အတွင်းရေးမှူး စိုင်းဆိုင်ဖ ကပြောသည်။

“ ပထမဆုံးအစီအစဉ်ကတော့ ပါတီရဲ့သီချင်း  (ယာဟာ့ယီ့ အိန်ဟိုင်းဟာယီ) သီဆိုပြီးအခမ် အနားကို ဖွင့်လိုက် တယ်။ ပြီးတော့ အလံတော် အလေးပြု ခြင်းအခမ်းအနားကိုတော့ (ခေးတိုင်းခေးရာဇာ) အမျိုးသားသီချင်း ဆိုကြတယ်၊ ကျနော် တို့ပါတီ ဥက္ကဌ  ဦးစိုင်းလိန်မြတ်က အဖွင့်အမှာ စကားပြောကြား ပေးပြီး ပါတီ ရဲ့ အတွင်းရေးမှူး ဦးစိုင်းထွန်းလိုင် က တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုကို ပြောပြတယ်” ဟု ၄င်းက ဆိုသည်။

ပါတီဝင်တစ်ချို့၏မေးမြန်းချက်များကို ကျားခေါင်းပါတီဥက္ကဌ ဦးစိုင်းလိန်မြတ် က အကျယ်တဝင့် ရှင်းလင်းဖြေ ကြားပေးခဲ့သည်။

(၈) ပြည်နယ် နှင့် (၈) ယူနစ်၏ အဓိပ္ပာယ်နှင့်ကွာခြားချက်ရှင်းပြပေးရန်၊  SNLD ပါတီက ၂၀၁၅ ရွေး ကောက် ပွဲ မဝင်ဟုဆိုသဖြင့် မည်သည့်ပါတီကို ဒေသခံများက ရွေးချယ်မဲပေးရမည် ၊ SNLD ပါတီက (၈) ပြည်နယ်  SNDP က (၁၄) ပြည်နယ် အသီးသီးစွဲကိုင်ထားကြသည်ဟုဆိုသဖြင့် သျှမ်းပြည်သားများ တိတိကျကျရွေးချယ်နိုင်ရန် ၄င်းတို့၏ အဓိပါယ်များကို ရှင်းလင်းပြသပေးရန် အစရှိမေးခွန်း များ မေးမြန်းကြသည်ဟု  နမ့်ခမ်းမြို့နယ် SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းထွန်းလှိုင်ကပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates