တာချီလိတ်မြို့ မော်တော် ဆိုင်ကယ် ပွဲတွင် ထိုင်းနိုင်ငံ နာမည်ကျော် အနုပညာရှင် အက်ခရားပေါင်း သီဆို ဖျော်ဖြေ



ထိုင်းနိုင်ငံနယ်စပ် သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်ကျင်းပသော မော်တော်ဆိုင်ကယ် နေ့ 1 ST Myanmar Tachileik Bike Week 2014 တွင် ထိုင်းနိုင်ငံ နာမည်ကြီးအဆိုတော် အက်ခရားပေါင်း လာရောက်သီဆိုဖျော်ဖြေကြကြောင်း သိရသည်။





1 ST Myanmar Tachileik Bike Week 2014 ပွဲကို Eastern Egal MC ကုမ္မဏီက ကမကထ ပြု ကျင်းပပေးခဲ့ခြင်းဖြစ်ပါသည်။

တာချီလိတ်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်၌ ကျင်းပရာ အာဆီယံနိုင်ငံမှ ဆိုင်ကယ်ကလပ် များ နိုင်ငံတကာမှ ဆိုင်ကယ်ကလပ်များလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

“ တာချီလိတ်မြို့လယ်က သျှမ်းရိုးမ ကုန်တိုက်ကွင်းမှာ ကျင်းပတယ်။ နေ့ခင်းပိုင်းဆိုရင် ဆိုင်ကယ် အလှပြိုင်ကြတယ်။ နိုင်ငံတကာကလာပြီးပြသတဲ့ဆိုင်ကယ် ရာနဲ့ချီတယ်။ လူလည်းတအား များပါ တယ်။ ညဘက်ဆိုရင် စင်တင်တေးဂီတ ရှိတယ်။ ထိုင်းဘက်က နာမည်ကြီးအဆိုတော် အက်ခရား ပေါင်း လာတယ်။ မြန်မာဘက်က ဇော်ဝင်းထွဋ်တို့၊ သျှီတို့ လာတယ်” ဟု တာချီလိတ် ရောက် သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းအိုက်ခမ်း ကပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့်ပွဲဖြစ်ပြီး ကျိုင်းတုံနှင့် မိုင်းလားမြို့သို့ပါသွား ရောက်ပြသဆင်နွဲမည်ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်တွင်းလူငယ်တော်တော်များများက နှစ်သက်ကြသော ထိုင်းနိုင်ငံ အနုပညာရှင် နာမည်ကြီး အဆိုတော် အက်ခရားပေါင်းသည် ထိုင်းမြန်မာနယ်စပ်ရှိသျှမ်းပြည်တပ်မတော်အားမြန်မာစစ်တပ်က   အားဖြည့်တိုက်ခိုက်သည့် ၂၀၀၅ ခုနှစ်တွင် စစ်ဘေးစစ်ဒဏ်ခံရသည့် သျှမ်းပြည် သားများအား မိုက်တောင့်ရောင့်ဟိုက်  အမည်ရှိ ( ငိုမနေပါနဲ့ )  အားပေးသည့် သီချင်းသီဆိုဖြန့်ဝေသဖြင့် ထိုစဉ်က မြန်မာအစိုးရက မြန်မာနိုင်ငံအတွင်း ဝင်ခွင့်ပိတ်ပင်ခဲ့ပါသည်။ ယခု သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှပင် မြန်မာနိုင်ငံသို့ဝင်ခွင့်ပြန်ရခဲ့သည်ဖြစ်ရာ ယမန်နှစ် အောက်တိုဘာလက ရန်ကုန်မြို့ သို့ ပထမ အကြိမ် စတင်ဝင်ရောက်သီချင်းဆိုခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates