စည်းကမ်းထုတ်တာလဲမြို့နယ်စည်ပင် စည်းကမ်းဖောက်တာလဲမြို့နယ်စည်ပင်ပါပဲ
သို့ -သျှမ်းသံတော်ဆင့်အယ်ဒီတာမှတဆင့် သက်ဆိုင်ရာလူကြီးမင်းများသိစေလို
ကျနော်တို့ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လမ်းစည်းကမ်းဖောက် နေတာတွေ့နေရပါတယ်။ နိုင်ငံတော်အစိုးရက ပြည်သူလူထုအတွက် သွားလာရေးအဆင်ပြေ စေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ကျနော်တို့မြို့ရှိ စုပေါင်းရုံးလမ်းကို ကျယ်ဝန်းအောင် အသစ်ဆောက် လုပ်ပေးတဲ့ ကျနော်တို့ မြို့ခံများက နိုင်ငံတော်အစိုးရကို များစွာကျေးဇူးတင်ပါတယ်။
![]() |
| စုပေါင်းရုံးလမ်းဆိုင်ကယ်အပ်နှံရေးနေရာ |
နိုင်ငံတော်အစိုးရကအသစ်ဆောက်လုပ်ပေးတဲ့ စုပေါင်းရုံးလမ်းရဲ့ လမ်းဘေးတစ်လျှောက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ က ယာဉ်မရပ်ရ ဖြူနီမျဉ်းရေးဆွဲလိုက်တယ်။ အခု အဲဒီစုပေါင်းရုံးလမ်းဘေးက ယာဉ်မရပ်ရ ဖြူနီမျဉ်းတစ်လျှောက်မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကပဲ နမ့်ခမ်းမြို့မ ဈေးလာတဲ့ မော်တော်ဆိုင်ကယ် အပ်နှံရေးနေရာအဖြစ် အသုံးပြုနေပါတယ်။ မော်တော်ဆိုင်ကယ်အပ်နှံရေးနေရာကတော့ စုပေါင်းရုံးလမ်း မီးပွိုင့်အောက် ယာဉ်ကွေ့ကြောနဲ့ လမ်းလယ်စတီးတိုင် အုတ်ခုံဘေးမှာဖြစ်ပါတယ်။
![]() |
| စုပေါင်းရုံးလမ်းဆိုင်ကယ်အပ်နှံရေးနေရာ |
မော်တော်ဆိုင်ကယ်တစ်စီးအပ်နှံခ ကျပ် ၂၀၀ ကို စည်ပင်ဝန်ထမ်းတစ်ချို့က ကိုယ်တိုင်ကောက်ခံနေပါ တယ်။
အခုဆိုရင် နိုင်ငံတော်အစိုးရကနေ အသစ်ဆောက်လုပ်ပေးတဲ့ စုပေါင်းရုံးလမ်းမှာ ယာဉ်ကြောပိတ်ဆို့မှု နေ့စဉ် ဖြစ်ပေါ်နေပါတယ်။ လမ်းသွားလမ်းလာပြည်သူလူထု အတွက် စိတ်အနှောင့်အယှက်ဖြစ်စေရုံမက ယာဉ် ထိခိုက်မှုအန္တရာယ်လဲကြုံတွေ့နေရပါတယ်။
အထက်ပါအကြောင်းအရာများကို အထက်က လူကြီးမင်းများသိရှိစေပြီး အမြန်ဆုံးကွင်းဆင်းစစ်ဆေးမှု ပြုလုပ် ပေးပါရန် သျှမ်းသံတော်ဆင့် သတင်းဌာနကနေတဆင့် ဒုတိယအကြိမ်အဖြစ် တင်ပြလိုက်ပါတယ်ခင်ဗျား။
မှ- နမ့်ခမ်းမြို့ခံတစ်ဦး
၅.၁.၂၀၁၅
Tags: Letter to Editor



