မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ရဲ အား လုံခြုံရေးယူနေသော ရပ်ကွက်သားများဝိုင်းဝန်းဖမ်းဆီးရမိ



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းဆာရပ်ကွက် ၌   ရပ်ကွက်လုံခြုံ ရေးအတွက်ကင်းလှည့်သောလူငယ် အဖွဲ့က ပြည်သူ့ရဲတပ်သား တစ်ဦးနှင့်အပေါင်းပါတစ်ဦး တို့အား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ရဲတပ်သားနှင့် စိုင်းထွန်းစံ

ဖမ်းမိစိတ်ကြွဆေးများ


ဂျန္နဝါရီ ၂၃ ရက် ယမန်နေ့ ၂၃း၃၀ နာရီခန့်တွင်   နမ့်ခမ်းမြို့ရဲတပ်ဖွဲ့မှ ရဲတပ်သား မောင်သိန်း ဌေးအောင် နှင့် ပေါက်နေရပ်ကွက်နေ စိုင်းထွန်းစံ(ခ)အိုက်တိန်းတို့အား ရပ်ကွက်လုံခြုံရေးလူငယ်များကဖမ်းဆီးလိုက်ခြင်းဖြစ် သည်။

“ကျနော်တို့ ရပ်ရွာလုံခြုံရေးအတွက် ကင်းလှည့်နေချိန်မှာ  ရပ်ကွက်ထဲက မိုးကြယ်စင် ကာရာအိုကေဆိုင် နားမှာ မင်္သကာလူနှစ်ယောက်တွေ့ပြီး ခေါ်ယူစစ်ဆေးဖို့လုပ်နေတုန်း တစ်ယောက်က ကျနော် ရဲပါ ဆိုပြီးတော့ သူ့အနွေးထည်အကျီ င်္လှန်ပြတာလေ။ ရဲလည်းစစ်မှာဘဲဆိုပြီးစစ်လိုက်တော့ ယာဘ ၉၇ ပြား၊ ဘိန်းဖြူက ၁ ပုလင်းခွဲ (လီပိုပုလင်း)၊ဆိုင်ကယ်တစ်စီး၊ ရဲမှတ်တမ်းစာအုပ်တစ်အုပ်၊ လက်ထိပ်တခုနဲ့ မြန်မာငွေ ၂၅၀၀၀၊ တရုတ်ယွမ်ငွေ ရ၀ တွေ့တယ်။အဲတာနဲ့ဖမ်းထားလိုက်တယ်- ဟု ကောင်းဆာရပ်ကွက် အတွင်းရေးမှူး စိုင်းအိုက်တင်ကပြောသည်။

အဆိုပါရဲနှင့်အပေါင်းအပါအား ရပ်ကွက်ရုံးတွင်တည ထိပ်တုံးခတ်ဖမ်းချုပ်ထားပြီး  ယနေ့မနက်ပိုင်းမှသာ ရဲစခန်းသို့အကြောင်းကြားပြီး ဖမ်းမိသက်သေပစ္စည်းနှင့်အတူ မြို့နယ်ရဲအုပ်လက်သို့ အပ်နှံလိုက်ပြီဖြစ်ကြောင်းလည်း ရပ်ကွက်အတွင်းရေးမှူးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ကောင်းဆာရပ်ကွက်လုံခြုံရေးအဖွဲ့၏စစ်ဆေးချက်အရ ရဲတပ်သား မောင်သိန်းဌေးအောင်က အဆိုပါ မူးယစ် ဆေးဝါးများသည် ၄င်းပိုင်ဆိုင်သောပစ္စည်းများဖြစ်ကြောင်း ၊ ၄င်း၏ မိသားစု စီးပွားရေး မပြေလည်သဖြင့် ထို မူးယစ်ဆေးဝါးများကို ပေါက်နေရပ်ကွက်နေ စိုင်းထွန်းစံ(ခ)အိုက်တိန်း အား ရောင်းချခိုင်းခြင်းဖြစ်ကြောင်း ရဲတပ်သားကိုယ်တိုင်  ရပ်ကွက်အုပ်ချူပ်ရေးရုံး ၌  လက်ဗွေနှိပ်ပြီးဝန်ခံလက်မှတ်ထိုးကြောင်း ကောင်း ဆာရပ်ကွက်အုပ်ချုပ်ရေးမှူး စိုင်းလှဝင်း ကဆိုသည်။

နမ့်ခမ်းမြို့တွင် ၄င်းဖြစ်စဉ်ကဲ့သို့သောဖြစ်ရပ်မှာ အများအပြားရှိကြောင်း ၊ သို့သော်တစ်ကြိမ်မျှ ဤကဲ့သို့ လက်ပူးလက်ကြပ်ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း အမည်မဖော်လိုသော ဒေသခံတစ်ယောက်ကပြောသည်။

ကောင်းဆာရပ်ကွက်လုံခြုံရေးအဖွဲ့မှ မူးယစ်ဆေးဝါးနှင့်အတူဖမ်းဆီးခဲ့သူမှာ နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်သား မောင်သိန်းဌေးအောင် (လ/၂၄၀၂၆၄) ပဲခူးတိုင်းသား နှင့် ပေါက်နေရပ်ကွက်နေ စိုင်းထွန်းစံ(ခ)အိုက်တိန်း တို့ ဖြစ်ကြကြောင်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates