ထိုင်းနိုင်ငံ ၂၀၁၅ ချင်းမိုင်အလှမယ်ဆု သျှမ်းမလေး ဆွတ်ခူးရရှိ



ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ဆောင်းရာသီပွဲတော်၏ ချင်းမိုင်အလှမယ် ပြိုင်ပွဲ တွင် ဖှန်မြို့နယ်မှ သျှမ်းမလေးက အနိုင်ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၅  ချင်းမိုင်အလှမယ် နန်းနောင့်အွန်

ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မွမ့်ပင်အုပ်စု ပါဟင့်ရွာနေ စိုင်းအေး နန်းခမ်းယုံတို့၏သမီး နန်းနောင့်အွန် (နန်းဆောဝ် အားရိဆာ ဆန်တိထမ်း) အသက် ၁၈ နှစ် ဖြစ်ပါသည်။


ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၄ မှ ဂျန္နဝါရီလ ၂ ရက် ၂၀၁၅ အထိ ချင်းမိုင်မြို့တွင် ကျင်းပ သည့် ဆောင်းရာသီပွဲတော်တွင် ချင်းမိုင်အလှမယ်ပြိုင်ပွဲလည်းကျင်းပရာ နောင့်အွန်မှ   ချင်းမိုင်အလှမယ် (၂၀၁၅) ဆု ၊  ဓါတ်ပုံဆု  ၃- ကာယအလှဆု ၊  ဝတ်စားဆင်ယင်မှုဆု  ၊ သင့်လျော်မှန်ကန်ဖြေဆိုတတ်မှုဆု - ဟူသော ဆု ၅ ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း မိခင် ဖြစ်သူက ပြောဆိုပါသည်။

၂၀၁၅  ချင်းမိုင်အလှမယ်များ

နောင့်အွန်သည် မွေးချင်းမောင်နှမ  ၃ ယောက်အနက် သမီးထွေးဖြစ်သည်။


ဖှန်မြို့နယ် ချနူးပထမ်အထက်တန်းကျောင်းတွင် ထိုင်းနိုင်ငံပညာရေးစနစ်အရ  မောဟုတ် (တက္ကသိုလ်ဝင်တန်းအောင်) ပညာသင်ကြားနေပါသည်။


မိခင်ဖြစ်သူမှာ မွမ့်ပင်အုပ်စု၏ FM ရေဒီယိုမှ ဒီဂျေ ဖြစ်ပါသည်။


ဖှန်မြို့နယ်သည်  သျှမ်းလူမျိုးများ စတင်တည်ထောင်ခဲ့သည်ဟုလည်း မြို့သမိုင်းအရ သိရသည်။


တရုတ်နိုင်ငံ စယ်ဖှန်မှ သျှမ်းလူမျိုးများသည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ပြောင်းရွှေ့နေထိုင်ရာမှ ဇာတိစယ်ဖှန်မြို့ကို အစွဲပြု၍ မိန်းဖှန်မြို့ဟု မှည့်ခေါ်လာကြခြင်း ဖြစ်သည်ဟု ဆိုပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates