ဒုတိယအကြိမ် လူငယ်အရည်အချင်းမြှင့်တင်ရေးသင်တန်းဆင်းပွဲ သီပေါမြို့တွင်ကျင်းပ



ဒုတိယအကြိမ် လူငယ်အရည်အချင်းမြှင့်တင်ရေး သင်တန်းဆင်းပွဲကို သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ကျင်းပကြောင်း သိရသည်။

သီပေါမြို့နယ် လူငယ်အရည်အချင်းမြှင့်တင်ရေး သင်တန်း 

သျှမ်းလူငယ်များကွန်ယက် Tai Youth Network မှ ကမကထပြုဖွင့်လှစ်သင်ကြားပေးသည့် အဆိုပါ သင်တန်း ၏ သင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီလ ၂ ရက် ယနေ့မနက် ၉ နာရီမှ စတင်ကျင်းပခဲ့သည်။

အခမ်းအနားကို ညအချိန်အထိကျင်းပရာ နာမည်ကြီး သျှမ်းအဆိုတော်များမှ ဖျော်ဖြေရေးဖြင့် တင်ဆက်သွား မည်ဟုသိရပါသည်။

ယင်းသင်တန်းဆင်းပွဲသို့ သျှမ်းစာပေ ပညာရှင် စ၀်တင်းတိုင်း နှင့် ဆရာမနန်းခေးဆိုင် တို့အပြင် လွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း သျှမ်းလူငယ်ကွန်ယက် လူငယ်အရည်အချင်းမြင့် တင်ရေးသင်တန်း၏ ဆက်သွယ်ရေးတာဝန်ခံ စိုင်းဆိုင်စိန်မြတ် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

"သျှမ်းစာပေပညာရှင် ဆရာမနန်းခေးဆိုင်က သင်တန်းမှာ သမိုင်း လာသင်ပေးတယ်။ ဒီသင်တန်းဆင်းပွဲ မှာလည်း  သျှမ်းတိုင်းရင်းသားတွေ သျှမ်းပြည်သားတွေ စုပေါင်းပြီး ပညာရေးကဏ္ဍကို တညီတညွတ် ထဲမြင့်တင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့မသွားကြဖို့ ဆရာမက တိုက်တွန်းသွားတယ် " ဟု  ၄င်းက ပြောသည်။

ယင်းဒုတိယအကြိမ်သင်တန်းမှ သင်တန်းသား ၃၀၀ ကျော်ရှိပြီး သင်တန်း ၂ သုတ်မှ စုစုပေါင်း သင်တန်းသား ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

" ကျမတို့ ဒီသင်တန်းကိုမတက်ရခင်မှာ  ဒေသန္တသရ ဗဟုသုတနဲပါးတယ်။ ပြီးတော့ လူကြားသူကြား သိပ်မသွားရဲဘူး။ အခုဒီသင်တန်းတက်ရတော့ အသိအမြင်လဲပိုကျယ်လာတယ်။ ဘာလုပ်လုပ် စုပေါင်းလုပ်ဖို့ လက်တွဲလုပ်ဖို့ ဆိုတာလဲသိလာတယ် " ဟု သင်တန်းသူ  နန်းကောင်ခမ်းအွန် က ပြောသည်။

သင်တန်းဆင်း သင်တန်းသားများမှာ ဒေသတွင်း ဧည့်လမ်းညွှန်အဖြစ်လည်းကောင်း၊ သင်တန်းအကူ ဆရာအဖြစ်လည်းကောင်း ပြန်အလုပ်လုပ်ကြကြောင်းလည်း သင်တန်းဖြစ်မြောက်ရေးကော်မတီ ဦးငွေရ ကပြောပါသည်။

အဆိုပါ ဒုတိယအသုတ် လူငယ်အရည်အချင်းမြှင့်တင်ရေးသင်တန်းကို ၂၀၁၄ ဒီဇင်ဘာလ မှ ၂၀၁၅ ဖေဖော် ၀ါရီလ အထိ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ တစ်နှစ် ၂ သုတ်ဖွင့်လှစ်ရန် စီစဉ်ထားပြီး လာမည့် အသုတ်ကို ဂျွန်လ တွင်ဖွင့်လှစ်ပေစရန် စီစဉ်ထားကြောင်း သင်တန်းစရိတ်အဖြစ် သင်တန်းသားတဦး ကျပ် ၅ သောင်းပေး သွင်းရ ကြောင်းလည်း သိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates