ရွှေလီမြစ်ဝှမ်းရှိ သျှမ်းဧကရာဇ်နန်းမြို့ဟောင်း၌ သျှမ်းပညာရှင်များ စာပေဟောပြောပွဲလုပ်
သျှမ်းလူငယ်များ နိုင်ငံရေး စာပေနှင့်သမိုင်း လေ့လာသိရှိ နားလည်စေရန် ရည်ရွယ်၍ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် သမိုင်းဝင် သျှမ်းဧကရာဇ် နန်းမြို့ဟောင်း တည်ရှိရာ စယ်လန့်အုပ်စုတွင် သျှမ်းစာပေ သမိုင်းေ ကြာင်း ဟောပြော ပွဲတရပ်ကျင်း ပခဲ့ပါ သည်။
![]() |
| စယ်လန့်က သျှမ်းစာပေသမိုင်းကြောင်း ဟောပြောပွဲ |
![]() |
| စာပေနှင့်သမိုင်း ဟောပြောခဲ့ကြသည့် ဆရာများ |
“သျှမ်းစာပေ ဟောပြောပွဲကို သျှမ်းလူငယ်ကွန်ယက် Tai Youth Network က ကမကထပြုကျင်းပ ပါတယ်။ သျှမ်းစာပေကျွမ်းကျင် ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ဆရာတော်ဦးဝိသုဒ္ဓိဉာဏ ခေါ် စဝ်တင်းတိုင်း၊ စာရေးဆရာ ခူး ဟိန်းကာယန်း၊ ခွန်ယုံးချို၊ ပေစာပညာရှင် စိုင်းကော်မိန်း (စလေးနမ့်လန်) နဲ့ ဆရာမ ခေးဆဲန် တို့တက်ရောက်ပြီး သျှမ်းစာပေနဲ့ သမိုင်း ကိုဟောပြောခဲ့ပါတယ်။ ” ဟု ဒေသခံ စိုင်းအိုက်က ပြောပါသည်။
တရုတ်နိုင်ငံ တိုင်ခုံး ခေါ် တယ်ဟုန် တိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ရွှေ လီမြို့ ရွှေလီမြစ်ကမ်းပေါ် ဟော်ကုန်း အမည်ရ တောင်ကုန်း၌ သျှမ်းဘုရင် မင်းမြတ် စဝ်ဆေခန်ဖှ (သိုခန်ဘွား) ၏ပုံတူ နန်းတော် တည် ဆောက် ရေး ဦးစီးဦးဆောင်သူ ၊ တရုတ်နိုင်ငံ ဗုဒ္ဓဘာသာသာသနာ ဗဟိုရုံးတော်ကြီး၏ ဒုတိယ ဥက္ကဌ ဆရာတော်စဝ်တင်းတိုင်း က မိမိ တိုင်းပြည် လူမျိုးအတွက် အကျိုးပြုလုပ်ငန်းလုပ်ဆောင်နိုင်ရန် အတွက် မူးယစ်ဆေး ဝါးနှင့် ကင်းရှင်းရန် လိုအပ်ကြောင်း ဟောပြောခဲ့သည်ဟု ဟောပြောပွဲတက်ရောက် နားထောင်သူ လူငယ် စိုင်းကျော် ကပြောသည်။
“ ဆရာတော်ဟောကြားခဲ့တာကတော့ ကနေ့ခေတ်လူငယ်တွေဟာ မိမိ တိုင်းပြည်အတွက် အထူးအရေး ပါတယ်။ တိုင်းပြည်ကြီးတိုးတက်ဖို့ အတွက် လည်း လူငယ်တွေလက်ထဲမှာဘဲ၊ တိုင်းပြည်ကြီးဆုတ် ယုတ် အောင်လည်း လူငယ်တွေရဲ့လက်ထဲမှာ ဘဲရှိတယ်။ လူငယ်တွေ မူးယစ်ဆေးမရှောင်နိုင်ရင် ပညာရေး ကအစ ကျန်းမာရေး၊ စီးပွါးရေး၊ အိမ်ထောင်ရေး၊ လူမျိုးရေးနဲ့ တိုင်းပြည်တိုးတက်ရေး ကိုပါထိခိုက် စေတယ်။ ဒါကြောင့် မူးယစ်ဆေး ကိုရှောင်ပြီး ပညာရေးတိုးတက်မြင့်မားရေး ကိုစတင် လုပ် ဆောင်ကြဖို့ တိုက်တွန်းသွားတယ်” ဟု စိုင်းကျော်က ပြောသည်။
စာရေးဆရာ ခူး ဟိန်းကာယန်းကမူ ကျည်ကာအင်္ကျီကြီးသုံးထည် အကြောင်း ပြောရာတွင် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင့်ထည့်သွင်းဆွေးနွေးခဲ့သည်။ ခွန်ယုံးချိုက လူငယ်နှင့် မီဒီယာ အကြောင်းပြောပြပြီး စိုင်းကော်မိန်းက ရှေးဟောင်း သျှမ်းစာ၊ ပေစာအကြော င်းပြော ဆိုခဲ့သည်။ ဆရာမ ခေးဆဲန်ကမူ သျှမ်းလူမျိုးနှင့် ပြည်နယ်သမိုင်း များကို ဟောပြောသွားခဲ့သည်ဟု ဆိုသည်။
စာပေဟောပြောပွဲကျင်းပရာ စယ်လန့်အုပ်စုသည် မူစယ်မြို့နှင့် ၆ မိုင်ခန့် အကွာ တွင်တည်ရှိပြီး သျှမ်းဧကရာဇ်စဝ်ဆေခန်ဖှ (သိုခန်ဘွား) ၏ အင်ပါယာနန်းတော်ပထမဦးစွာစိုက်ခဲ့ဖူးသည့် သမိုင်းဝင်မြို့ ဟောင်း ဖြစ် သည်။
Tags: General, News



