ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်အောင်ဆန်းစုကြည် (NLD) မူဝါဒ ကွာသလဲ



ကျောင်းသား သမဂ္ဂ ကိစ္စအပေါ် NLD ရဲ့ သဘောထား နဲ့ ၂၀၁၅ ရွေးကောက် ပွဲ အတွက် NLD အနေနဲ့ တိုင်းရင်း သား ဒေသတွေမှာ ပါမချန် ယုတ်စွအဆုံး တိုင်းရင်းသား ရေးရာ ဝန်ကြီး နေရာတွေ အထိ ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုတဲ့ သတင်းတွေကတော့ လတ်တလောကာလအတွင်း NLD အပေါ် အခြား ဒီမိုကရက်တစ်အင်အားစုတွေနဲ့ ဝေဖန်စရာ ကိစ္စရပ်တွေဖြစ်လာနေတာပါ။



လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲနေတဲ့ အမျိုးသားပညာရေး ဥပဒေ ကြမ်းနဲ့ ပတ်သက်လို့ ကျောင်း ကောင်စီမှာ ကျောင်းသားသမဂ္ဂ ကိုယ်စား လှယ် ထည့်သွင်းသင့်မသင့်ဆိုတဲ့ အပေါ် မီဒီယာတွေရဲ့ မေးမြန်းမှု တွေ မှာ ကျောင်းသားတွေ ရဲ့ ပညာရေးဆိုင်ရာ ညှိနှိုင်းဆုံးဖြတ်မှုတွေမှာ ကျောင်း သား သမဂ္ဂ အဖွဲ့ဝင် ကျောင်းသား တွေနဲ့ အဖွဲ့ဝင်မဟုတ်သူ ကျောင်းသားတွေ ကို ခွဲခြားနေ တာဟာ ဒီမိုကရေစီနဲ့ ကိုက်ညီမှုမရှိတဲ့ အကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။


အဲဒီကိစ္စအပေါ်လေ့လာသူတွေနဲ့ အခြား ဒီမိုကရက်တစ် အင်အားစုတွေ ဘက်က တုံ့ပြန်ကြတာကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံ က ကျောင်းသားသမဂ္ဂတွေရဲ့ ဖြစ်ပေါ်လာပုံနဲ့ နိုင်ငံတကာက ကျောင်းသား သမဂ္ဂတွေဖြစ်ပေါ်လာပုံကို လုံးစေ့ပတ်စေ့ နားမလည်လို့ ဖြစ်တယ် ဆိုပြီး ဝေ ဖန် မှုတွေ ရှိနေပါတယ်။


နိုင်ငံရေး လေ့လာသူ တဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းက ဒေါ်အောင် ဆန်းစုကြည်ကို လိပ်မူပြီးပေးတဲ့ ပေးစာထဲမှာတော့ ဒေါ်အောင်ဆန်း စုကြည်ခုလို ပြောဆိုနေတာဟာ လွတ်လပ်ရေးမတိုင်မှီခေတ် ၊ လွတ်လပ်ရေး ရပြီးခေတ်ကနေ ၁၉၆၂ ခုနစ်အထိ ကျောင်းသားသမဂ္ဂရဲ့ အစဉ်အလာ သမိုင်းကြောင်းတွေကို လုံးစေ့ ပတ်စေ့ နားမလည်လို့ ဖြစ်တယ်ဆိုပြီး ကနဦးသုံးသပ်နိုင်တဲ့အကြောင်း ဖော်ပြထားပါတယ်။


ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် ပါဝင်မှုဆိုတာ ကျောင်းသားထုရဲ့ ကိုယ်စားပြုမှုကို ထိခိုက်မှုမရှိဘူး ဆိုတာလည်း ရေးသားထားတာတွေ့ ရပါတယ်။


ဒါ့အပြင် ကျောင်းသားသမဂ္ဂအခန်းကဏ်ဏ္ဍနဲ့ ပတ်သက်ပြီး အလေးမထား တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေဟာ ၁၉၄၆ နဲ့ ၄၇ ခုနစ် တွေတုန်းက အသက် (၃၂) နှစ်အရွယ်သာရှိသေးတဲ့ ဗိုလ်ချုပ် အောင် ဆန်း ရဲ့ ခြေဖျားကို မမှီသလို ဒီချုပ်ရဲ့ အခြား ခေါင်းဆောင်တွေကို ကြည့်မယ်ဆိုရင်လည်း ဗိုလ်ချုပ်နဲ့ ခေတ်ပြိုင် ခေါင်းဆောင်တွေ ဖြစ်တဲ့ သခင်မြ ၊ ဦးဘဝင်း ၊ မိုင်းပွန်စော်ဘွား ၊ ဦးရာဇတ် ၊ မန်းဘခိုင်တို့လို ခေါင်းဆောင်တွေ ကို လုံးလုံးလျားလျားမတွေ့ရဘူးလို့ ဆိုထားတာတွေ့ရပါတယ်။


ကျောင်းသားသမဂ္ဂကိစ္စနဲ့ အပြိုင်ဆိုသလိုပဲ ၂၀၁၅ နှစ်ကုန်မှာ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရင်း သားနယ်မြေတွေမှာပါ NLD အနေနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိနေတယ်ဆိုတဲ့ သတင်းကလည်း ဒီမိုကရက်တစ် အင်အားစုတွေနဲ့ တိုင်းရင်းသားအင်အား စုတွေက NLD အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။


တချို့ကဆိုရင် NLD အနေနဲ့ ပါတီကြီးဝါဒကို ကျင့်သုံးနေတာဖြစ်ပြီး ဒီမူဝါဒဟာ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းပေါ်လာမဲ့ လွှတ်တော်မှာ ဒီမိုကရက်တစ် အင်အားစုတွေ အားကောင်းရေး ဆိုတဲ့ လမ်းကြောင်း က သွေဖယ်နေသလို တိုင်းရင်းသား နယ်မြေ တွေမှာပါ မဟာမိတ်မထားပဲ ယှဉ်ပြိုင်ဖို့ ရည်ရွယ်နေတာဖြစ်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း ကို ရှေ့ထားပြီး ပြည်သူ့မေတ္တာကို ရယူနိုင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဗိုလ်ချုပ်ရဲ့ မူဝါဒတွေနဲ့ သွေဖီနေတယ်လို့ ဆိုကြပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဦးဆောင်နေတဲ့ ပါတီဖြစ်တဲ့ NLD အနေနဲ့ ဗိုလ်ချုပ်ရဲ့ မူဝါဒတွေနဲ့ တကယ်ပဲလွဲချော်နေသလား ဆိုတာ လေ့လာကြည့်ရအောင်ပါ။


ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားအခွင့်ရေးတိုက်ပွဲကျောင်းသားသမဂ္ဂ ကိစ္စ နဲ့ ကျောင်းသားအခွင့်ရေးအတွက် ကျောင်းသားတွေ သပိတ်စမှောက် ကတည်းက NLD နဲ့ တခြားအင်အားစုတွေအကြား မကျေလည်စရာေ တွ ဖြစ်နေခဲ့တာတော့အမှန်ပါပဲ။ သပိတ် မှောက် တဲ့အထိ အားပေးအားမြောက် ပြုသင့်မပြုသင့်လို့ မဆိုလိုပေမဲ့ ပညာရေး ဥပဒေ ဆွေးနွေး ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ခဲ့ပြီးမှ ကျောင်းသားတွေ ဘက်က မရှိတဲ့ ဥပဒေတရပ်ပေါ်လာခဲ့တာကတော့ မေးခွန်း ထုတ်စရာ ဖြစ်နေ ခဲ့ပါတယ်။ သပိတ်မှောက်နေတဲ့ ကာလတွေအတွင်း အန်အယ်လ်ဒီ ပညာရေး ကော်မတီက ဒေါက်တာသိန်းလွင်ကို အန်အယ်လ်ဒီကနေ ထုတ်ပစ် လိုက်တာ ကနေ စလို့ ဥပဒေပြန်လည်ပြင်ဆင်ရေးအတွက် လွှတ်တော် အတွင်း ဆွေးနွေးမှုတွေ အထိ အန်အယ်လ်ဒီ အမတ်တွေရဲ့ ကျောင်းသားတွေဘက်က ရပ်တည်ချက် ကတော့ တော်တော်လေး မေးခွန်း ထုတ်စရာ ကောင်းနေ ပါတယ်။


တကယ်တော့ ကျောင်းသားသမဂ္ဂဆိုတာ ကိုလိုနီခေတ်သမိုင်းနဲ့ ပြန်ယှဉ်ကြည့်မယ်ဆိုရင် အင်္ဂလိပ်အလို တော်ရိနဲ့ အင်္ဂလိပ်အစိုးရက ကျောင်းသားသမဂ္ဂတွေကို မျက်မုန်းကျိုးခဲ့ပြီး အဲဒီသမဂ္ဂတွေကို ၊လွတ်လပ်ရေး ၊အ မျိုးသားရေးနဲ့ အမျိုးသား ပညာရေးကိုလိုလားသူတွေက ဦးစီးလုပ်ခဲ့ကြတာပါ။
တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကိုလိုလားတဲ့ အဲဒီကျောင်းသား သမဂ္ဂတွေကို အင်္ဂလိပ်တွေက အပုပ်ချခဲ့ကြပြီး အလိုတော်ရိတွေနဲ့ အင်္ဂလိပ် အရာရှိ သားသမီးတွေ ကလည်း သမဂ္ဂဝင်ကျောင်းသား ၊ ကျောင်းသူတွေကို ရှောင်ရှားခဲ့ကြတာပါ။

ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးနု ၊ ဦးရာရှစ် ၊ ကိုဗဟိန်းစတဲ့ ခေါင်းဆောင်တွေဟာလည်း ကျောင်း သားသမဂ္ဂတွေက ထွက်ပေါ်ခဲ့တာဖြစ်ပြီး လွတ်လပ်ရေးရပြီးခေတ်မှာလည်း ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင်အချို့က အဲဒီကျောင်းသား သမဂ္ဂတွေကပဲ ပေါ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။


နောက်ဆုံး အာဏာရှင်ဦးနေဝင်းတက်လာတဲ့အထိ ကျောင်းသားသမဂ္ဂရဲ့ အရေးပါမှုကို သိမြင်တဲ့အတွက် သမဂ္ဂအဆောက်အုံကိုပါ ဖျက်ဆီးခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ပြန်ကြည့်မယ်ဆိုရင်အနာဂတ်နိုင်ငံရေး ခေါင်းဆောင်တွေကို မွေးထုတ်ပေးလေ့ရှိတဲ့ နေရာဖြစ်တဲ့ ကျောင်းသားသမဂ္ဂတွေဟာ လွတ်လပ်ပြီးခေတ်မှာ ဆိုရင် ကျောင်းသားမှန်ရင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ဖြစ်ရမယ်ဆိုတာ သတ်မှတ်ခဲ့တာကို ကြည့်မယ် ဆိုရင် ဒေါ်အောင် ဆန်းစုကြည်ပြောသလို သမဂ္ဂအဖွဲ့ဝင်မဟုတ်သော ကျောင်းသား နဲ့ ကျောင်းသား သမဂ္ဂက ရှေး ယခင် ကတည်း ကွဲပြားမှုမရှိဘူးလို့ သုံးသပ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ဆိုပါတယ်။


‘တကယ်တော့ ကျောင်းသား သမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်တွေပဲဗျ။ ဗိုလ်ချုပ်သာ ရှိမယ်ဆိုရင် ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်တဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့မှတ်ချက်ကို ကြည့်ပြီး အလွန်စိတ်ဆင်းရဲမယ် -လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။


ဒါ့အပြင် လွတ်လပ်တဲ့ သမဂ္ဂအသင်းပင်းအဖွဲ့စည်းတွေ ကသာ မြန်မာ့နိုင်ငံရေး ကို အားကောင်းမောင်းသန် နိုင်မှာ ဖြစ်တဲ့ အတွက် ကျောင်းသား သမဂ္ဂအတွက် NLD ရဲ့ သဘောထားက မေးခွန်းထုတ်စရာရှိတယ်လို့ ၈၈ မျိုးဆက် လည်း ဖြစ် ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူ တဦးလည်း ဖြစ်တဲ့ ကိုဗသက်အောင်က ပြောပါ တယ်။


‘ အခုက ကျောင်းသားတွေအချင်းချင်းမကွဲကွဲအောင် သမဂ္ဂ သုံးခုထဲကမှ ဟိုသမဂ္ဂကိုဆွဲထုတ် ဒီသမဂ္ဂကို ဆွဲထုတ်နဲ့ အန်အယ်လ်ဒီလုပ်နေတာ ကိုကြည့်ရင်တော်တော်တရားကျဖို့ကောင်းတယ်။ အုပ်စုတွေကွဲအောင် လုပ်တယ်ဆိုတာ ခေတ်အဆက်ဆက် ဘယ်သူတွေ လုပ်ခဲ့တာလည်း ဆိုတာ လူတိုင်း သိတယ်။’ ကိုဗသက်အောင် က ပြောပါတယ်။ ဒါကတော့ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ပါ။


အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ မူဝါဒ

ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ‘ ခင်ဗျားတို့ တောင်ပေါ်သားတွေကို အင်္ဂလိပ်ကျွန်ဘဝမှာ မနေစေချင်သလို ၊ဗမာလူမျိုးတွေရဲ့ ကျွန်ဘဝမှာလည်း မနေစေချင်ဘူး။ တန်းတူ ရည်တူ ဆက်ဆံပါ့မယ်။ ဗမာတကျပ်ရရင် ရှမ်းလည်း တကျပ်ရစေရမယ် ‘ ဆိုတဲ့ အတွက် ကြောင့်လည်း ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်မယ်ဆိုရင်းလည်း မှားမယ် မထင်ပါဘူး။


မြန်မာ့လွတ်လပ်ရေးနဲ့ ခေတ်သစ် မြန်မာနိုင်ငံဖြစ်ပေါ်လာဖို့အတွက် အခရာကျခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုမှုကို ပြန်ကြည့်မယ် ဆိုရင် ပြည်မဒေသမှာနေထိုင်တဲ့ ဗမာလူမျိုးတွေနဲ့ အတူ လက်တွဲပြီး လွတ်လပ်ရေး ရယူဖို့အတွက် ဗိုလ်ချုပ် အောင်ဆန်းက တန်းတူအခွင့်ရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေ ပေးမယ်ဆိုပြီး တောင်းတန်း ဒေသနေ တိုင်းရင်းသားတွေကို စည်းရုံးခဲ့တာ ဖြစ်ပါတယ်။


အဲဒါကြောင့်လည်း လွတ်လပ်ရေးရယူတဲ့အချိန်မှာ တိုင်းရင်းသားဒေသတွေဟာ ပြည် မဒေသနဲ့အတူ မြန်မာနိုင်ငံထဲမှာ တပါတည်း ပါလာခဲ့တာဖြစ်ပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်သွားခဲ့တဲ့အတွက် ဖြစ်ခဲ့တာ မဖြစ်ခဲ့တာက အပထားပါ။ ဗိုလ်ချုပ်ရှိခဲ့စဉ် အတွင်း မှာကိုပဲ ဗိုလ်ချုပ်အနေနဲ့ တိုင်းရင်း သားတွေ ရဲ့ ယုံကြည်ကိုးစားမှုကိုကို တကယ်ရယူနိုင်ခဲ့တယ် ဆိုတာ ငြင်း မရနိုင်တဲ့ ကိစ္စပါ။ ဗိုလ်ချုပ် ရှိနေစဉ် အတွင်းမှာကိုပဲ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပြတ်သားတိကျတဲ့ မူဝါဒတွေ ချမှတ်ခဲ့တာ နောက်တိုင်း ရင်းသားတွေကို တန်းတူရည်တူ ဆက်ဆံ ခဲ့တာတွေ ကြောင့်လည်း ဗိုလ်ချုပ်ကို တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ လေးစားမှုရှိခဲ့တာဖြစ်တယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဗိုလ်ချုပ် အနေနဲ့ တိုင်းရင်းသားဒေသတွေကို သွားရောက်စည်းရုံးခဲ့ရာမှာလည်း တန်းတူရည်တူဆက် ဆံပြီးသွား ရောက်ခဲ့ တာပါ။


၂၀၁၀ နောက်ပိုင်းအခြေနေကို ပြန်ကြည့်မယ်ဆိုရင် အန်အယ်လ်ဒီအနေနဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ အနေထားနဲ့ ပတ်သက်လို့ ကောင်းမွန်တဲ့ မူဝါဒချမှတ်နိုင်တာ မရှိဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။ ပါတီထဲမှာ တိုင်းရင်းသားရေးရာဌာနဖွဲ့ထားပေးမဲ့ ပြောပလောက်တဲ့ စွမ်းဆောင်မှု မျိုးမတွေ့ရပါသလို အလုပ် အမှုဆောင်အဖွဲ့မှာလည်း တိုင်းရင်းသားတွေ ပါဝင်မှု တော်တော်နည်းပါတယ်။


လွှတ်တော်အတွင်းဝင်ရောက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်နာယက ဦးရွှေမန်းဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ ပိုမိုအလွမ်းသင့်လာခဲ့ပြီး ယခင်က ပုံမှန်ဆက်ဆံရေးရှိခဲ့တဲ့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီတွေနဲ့ တောင် အလွမ်းမသင့်တော့ပါဘူး။


ဒုတိယ ပင်လုံကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ သွားမယ်လို့ အန်အယ်လ်ဒီ ဘက်က ဆိုခဲ့တာ ဖြစ်ပြီး ကချင်စစ်ပွဲတွေအတွင်း ဒုက္ခသည်တွေ သိန်းချီ ရှိနေ တာတောင် ဘာအသံမှ မထွက်ခဲ့ပါဘူး။


၂၀၁၄ လောက် အထိ ကာလတွေကို ပြန်ကြည့်ရင် တိုင်းရင်းသားတွေ ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့် ချက် တော်တော် ကြီးကြီး မားမား ထားတာ တွေ့ရ ပါတယ်။ ရန်ကုန်ကိုလာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေရဲ့ ခေါင်းဆောင်တိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့မဖြစ်တွေ့ရမဲ့ သူအဖြစ် ၀င်ရောက်တွေ့ ဆုံကြ သလို အပစ်ခတ်ရပ် စဲရေးနဲ့ ဆက်စပ်ကျင်းပမဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အတွက် မူဘောင်ရေးဆွဲရာ မှာ လည်း အန်အယ်လ်ဒီတို့လို ဒီမိုကရက်တစ်အင်အားစုတွေအတွက် ကျန် တဲ့ ပါတီတွေထက် အထူး ဦးစားပေး အနေနဲ့ နေရာပိုပေးဖို့အထိ ကိုသူတို့ရေး ဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေမှာ ထည့်သွင်းထား တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်က ဆိုကြပါတယ်။ NLD ဘက်က ရေးဆွဲထားတဲ့ မူဘောင်မှာတော့ လူဦးရေ တထောင်ကျော် ၊ ၁၅၀၀ လောက်တက်ရောက်မဲ့ နိုင်ငံရေးဆွေးနွေးမှုတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အတွက် ကိုယ်စားလှယ် ၁၀၀ သာ တက်ရောက်ခွင့်ပေးဖို့ ရေးဆွဲထားတယ်လို့ သိရပါတယ်။


အခုလို ရွေးကောက်ပွဲကာလနီးကပ်လာချိန်မှာတော့ တိုင်းရင်းသားရေး ရာဝန်ကြီး နေရာ တွေမှာပါ NLD က ၀င်ပြိုင်တော့မယ်လို့ ဆိုလာတဲ့အပြင် တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်လုပ်ဖို့လည်း မရေရာတဲ့အခြေနေ ကို ရောက်လာခဲ့ပါတယ်။ မဲရ နိုင်တဲ့ မဟာမိတ်ဟောင်း တိုင်းရင်းသား ပါတီေ တွနဲ့ ပါထိပ်တိုက်ပြိုင်ရမဲ့ အခြေနေကို ရောက်နေတယ်လို့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေက ဆိုကြပါတယ်။ ဒါ့အပြင် NLD အနေနဲ့ ၄ နှစ်လုံးလုံး ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စနဲ့ တိုင်းရင်းသားအရေးတွေ မှာ ငြိမ်သက်နေ ရာကနေ အခုလတ် တလော ပြု လုပ်လာခဲ့တဲ့ တိုင်းရင်း သားဒေသခရီးစဉ်တွေမှာတော့ ပြည်ထောင်စုပါတီ NLD ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်မှုတွေလုပ်လာတာကတော့ တိုင်းရင်းသား ပါတီတွေ အင်အားစုတွေဘက်က မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။


‘ အခုထိ NLD အနေနဲ့ ကျန်တော်တို့လို မဟာမိတ်ဟောင်းတွေနဲ့ ဘာ မှ ရေရေ ရာရာ ဆွေးနွေးနိုင်တာ မရှိသေး ဘူး။ ထိပ်တိုက် လည်း ပြိုင် ရမလိုဖြစ်နေတယ်။ ဒုတိယ ပင်လုံညီလာ ခံသွားမယ်ဆိုတာလည်း ဒေါ်အောင်ဆန်း စုကြည်က စခဲ့တာပဲ။’ လို့ NLD ရဲ့ မဟာမိတ်ဟောင်းပါတီ ဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေ အတွင်း ရေးမှူး ပူးလ်ဂင်ကမ်းလျှံက ပြောပါတယ်။


လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး ပြသနာတွေ ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရေး ၊ အသွင်ကူပြောင်းမှု ခိုင်ခိုင်မာမာ ဖြစ်ပေါ် လာစေရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး တို့လို့ ကိစ္စရပ်တွေဖြစ်ပါ တယ်။ အဲဒီကိစ္စတွေ အားလုံး ကလည်း ဆက်စပ်နေတာပါ။


အဲဒီလိုအခြေနေမှာ အစိုးရသက်တမ်းလက်ကျန်ကာလကလည်း သိပ်မကျန် တော့တဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင် ရေး ကလည်း မရေရာလှတော့ပါဘူး။ တဆက်တည်းမှာလည်း နောက်လာမဲ့ အစိုးရသက်တမ်းနဲ့ လွှတ်တော် တွေ မှာ ဒီမိုကရက်တစ်အင်အားစုတွေ အားကောင်းရေးဆိုတာကလည်း တော်တော့ကို အရေးပါလာပါတယ်။ အဲဒီအနေထားတွေပေါ်မူတည်ပြီး ဖွဲ့စည်းပုံပြင်ဖို့တို့လို ကိစ္စတွေက ဆုံးဖြတ်ရမှာပါ။ ပြည်နယ်လွှတ်တော်တွေ အစိုးရတွေမှာ လည်း ဒေသခံမျိုးနွယ.်စုတွေက တင်မြောက်သူတွေ အားကောင်းလာဖို့ လိုနေတာကလည်း ငြင်းမရတဲ့ ကိစ္စဖြစ်ပါတယ်။


အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ၊ NLD တို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေတာ ကတော့ သူရဦး ရွှေမန်း ၊ ဦးအောင်သောင်းတို့ရဲ့ ပြည်ခိုင်ဖြိုးအင်အားစု အချို့ပါပဲ။ လွှတ်တော်ကနေ သမ္မတ ရွေးရတဲ့ သမ္မတရွေးချယ်မှုမှာ ကိုယ်စားလှယ် များများ ရနိုင်တဲ့ NLD ဟာ ရွေးကောက်ပွဲမှာ မဲများများ မရနိုင်တဲ့ ဦးရွှေမန်းတို့ အုပ်စုအတွက် အရေးပါတာတော့အမှန်ပါပဲ။ ဒါပေမဲ့လည်း ပြည်ခိုင်ဖြိုးပါတီထဲမှာတင် သမ္မတကို ထောက်ခံတဲ့ အုပ်စု ၊ ဦးရွှေမန်းအုပ်စုဆိုတာမျိုးတွေ ကွဲနေပြန်တယ်လို့ ဆိုကြပါတယ်။


‘ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူပေါင်းမမှားဖို့လိုတယ်။ သူလူပေါင်းမှားရင် ဒုက္ခတွင်းထဲက ချက်ခြင်း ထွက်နိုင်မှာ မဟုတ်ဘူး ငါးနှစ်တာ ခံရဦးမှာပဲ။ ဒေါ်စုအပေါင်းမှန်ရင် သူ့ပါတီက ၅၀ ရာနှုန်းရတယ်ဆိုပါစို့ ၊ အပေါင်းမှန်ရင် တိုင်းရင်းသားတွေနဲ့ ပေါင်းလိုက်ဦး ဒုက္ခတွေထဲက လွတ်ဖို့ လမ်းပေါ်လာလိမ့်မယ် ‘ လို့ အန်အယ်လ်ဒီက ခွဲထွက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက ပြောပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းမူဝါဒနဲ့ ကွာဟနေဆဲ

ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းရင်းသားတွေကို ချဉ်းကပ်ပုံနဲ့ အခု NLD ရဲ့ ချဉ်းကပ်ပုံကို ပြန်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်အနေနဲ့ တောင်တန်းဒေသတွေကို သွားခဲ့တာက တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူ အခွင့်ရေးပေးပြီး ညီညွတ်မှု တွေနဲ့အတူ အင်အားကြီးတဲ့ ရန်သူကို ရင်ဆိုင်ပြီး လွတ်လပ်ရေးယူဖို့ သွားခဲ့ တာဖြစ်ပြီး အန်အယ်လ်ဒီလို အဲဒေသတွေမှာ မဲယူပြီး ကိုယ့်ကိုယ်စားလှယ်တွေကို တင်မြောက်ဖို့သွားခဲ့တာ မဟုတ်ဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း အနေနဲ့ လွတ်လပ်ရေးရပြီးရင် စာရေးဆရာသာလုပ်မယ် လို့ ပြောခဲ့ပြီး ဘယ်တော့မှ သမ္မတ ဖြစ်ချင်တယ်လို့ မပြောခဲ့ပါဘူး။


ဒါ့အပြင် ကျောင်းသားအင်အားစုတွေ၊ ကျန်ဒီမိုကရက်တစ်အင်အားစုတွေနဲ့ ဆက်ဆံရေးတွေကို ကြည့်မယ်ဆို ရင် လည်း အန်အယ်လ်ဒီအနေနဲ့ ပါတီကြီးဝါဒကို ကျင့်သုံးနေဆဲဖြစ်တဲ့အတွက် ဒီမိုကရက်တစ်အင်အားစုတွေ ခိုင်မာအားကောင်းရေးမူနဲ့ ဆန့်ကျင်နေတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
‘ ဗိုလ်ချုပ်က အင်အားကြီးတဲ့ ရန်သူတွေကို ရင်ဆိုင်ဖို့ ဖဆပလကို ဖွဲ့ခဲ့တာက တပ်ပေါင်းစု အနေနဲ့ ရင်ဆိုင်ဖို့ ဖွဲ့ခဲ့တာ။ သူကိုယ်တိုင် တည်ထောင်ဖူးတာဆိုလို့ ကွန်မြူနစ်ပါတီပဲ ရှိတယ်။

ဖဆပလ ဖွဲ့တော့ သိတဲ့အတိုင်းပဲ ပြည်သူ့အရေးတော်ပုံပါတီ ၊ ကွန်မြူနစ်ပါတီ တို့အပါဝင် ကျန်ပါတီတော်တော်များများလည်း ပါလာသလို တခြားတိုင်း ရင်းသားတွေ ကိုလည်း စည်းရုံးနိုင်ခဲ့တယ်။ နေရာပေးနိုင်ခဲ့တယ်။ အခုလည်း အင်အားကြီးတဲ့ သူတွေနဲ့ ရင်ဆိုင်နေရတာပါပဲ။ ဒီအချိန်မှာ မဟာမိတ်တပ်ေ ပါင်း စု အနေနဲ့ မသွားပဲ ပါတီကြီးဝါဒနဲ့ သွားမယ် ဆိုရင်တော့ မှားယွင်းတဲ့ မူဝါဒပဲ ဖြစ်လိမ့်မယ်။ ဗိုလ်ချုပ်မူဝါဒတွေနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလိမ့်မယ် ‘ လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates