အခြေခံ စစ်ပညာ သင်တန်း ဆင်းပွဲ SSPP/SSA ဌာနချုပ်တွင် ကျင်းပ



သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော်မှ ပေးအပ်သော ၂၇ သုတ်မြောက် အခြေခံ နိုင်ငံရေး စစ်ရေး သင်တန်းအား သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်း မြို့သစ်၌ ၄၅ ရက်ကြာကျင်းပကာ သင်တန်းဆင်းပွဲ ပြုလုပ်ကြောင်း သိရသည်။



သင်တန်းဆင်းပွဲကို ဂျူလိုင်လ ၁၅ ရက်မနက်ပိုင်းတွင်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းဆင်းပွဲတက်ရောက်သူ ၃၂၁ ယောက်  ရှိပါသည်။ SSPP/SSA မှအကြီး အကဲ များဖြစ်ကြသော ဒုဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း၊  ဒုဗိုလ်မှူးကြီးလောင်ဝ်ဟိန်း၊ ဗိုလ်မှူး တွန်းခမ်း၊ အခြေခံသင်တန်းကျောင်း ဒါရိုက်တာ ဗိုလ်ကြီးဇင့်မိန်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ငေါင်းဖှ၊ ကျောင်းအုပ်ကြီး ဗိုလ်ကြီးဆိုင်ဟန်၊ ဗိုလ်ဖုန်းဟန် တို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ၂၇ သုတ်မြောက် အခြေခံစစ်ပညာသင်တန်းကို ဂျွန်လ ၁ ရက်နေ့မှ ဂျူလိုင်လ ၁၅ ရက်နေ့အထိ ၄၅ ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းအုပ်ကြီး ဗိုလ်ကြီးဆိုင်ဟန်ကလည်း - “ စစ်တပ်ဆိုတာ မိဘပြည်သူကနေ ပေါက် ဖွား လာတာဘဲဖြစ်တယ်။ မိဘပြည်သူပေးကျွေးတာကိုစားပြီး မိဘပြည်သူအပေါ် သစ္စာ ရှိရမယ်။ ကိုယ့်မိဘ သဖွယ်ဖြစ်တဲ့အတွက် ပြည်သူလူထုကို စောင့်ရှောက်ရမယ်။ ” ဟု သင်တန်းဆင်းမိန့်ခွန်းတွင်ပြောကြားခဲ့သည်။

ယခုအခါ ၂၈ သုတ်မြောက်စစ်ပညာသင်တန်းဖွင့်လှစ်ရန် စီစဉ်နေသည်ဟုဆိုပါသည်။

ထို့အတူ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးသည့် သျှမ်းပြည်တပ်မတော် RCSS/SSA သည်လည်း ဂျွန်လဆန်းပိုင်းက သင်တန်းသား ၁၅၀၀ ကျော်အား စစ်ရေး၊ နိုင်ငံရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ သင်တန်းပေးက သင်တန်းဆင်းပွဲကျင်းပခဲ့သည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်နေ့က အပစ်ခတ်လက်မှတ်ရေးထိုးကာ ပဏာမအဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောင်ထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates