တောင်ကြီးမြို့ ဝေဠု ဝန်ပရိယတ္တိ စာသင်တိုက် မဟာ နာယက ဆရာတော် ၏မွေးနေ့ ယနေ့ ဖွင့်ပွဲကျင်းပ



သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ဝေဠုဝန် ပရိယတ္တိ စာသင်တိုက် မဟာနာယက ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဆရာတော် ဘုရားကြီး၏ ရ၉ နှစ်ပြည့် မွေးနေ့ ဝိဇာတပူဇာ နှင့် သိက္ခာထပ် မင်္ဂလာပွဲ တော်ကို အင်္ဂလန် အောက်စ်ဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒ န္တ ဓမ္မသာမိ ဦးဆောင် ကျင်းပ ပူဇော် သွားမည်ဖြစ် ကြောင်း သိရသည် ။


မွေးနေ့ ပွဲတော်ကို ယနေ့ သြဂတ်စ် ၂၇ တွင် စတင် ကျင်းပ မည်ဖြစ်ပြီး ၃၀ ရက် နေ့ညပိုင်း အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည် ။
 

မွေးနေ့ ဝိဇာတပူဇာ နှင့် သိက္ခာထပ် မင်္ဂလာ ပွဲတော်ကို သျှမ်းပြည်နယ် အတွင်းရှိ ကျောင်းထိုင် ဆရာတော် ရ၉ ပါး ပင့်ဆောင် ထားပြီး  ကျောင်းဝင်း အတွင်းတွင် သစ်ပင်ပေါင်း ရ၉ ပင် စိုက်ပျိုးသွား မည်ဖြစ်ကြောင်း   ပွဲတော် ဖြစ်မြောက်ရေး ကော်မတီဝင် အတွင်းရေးမှူး အရှင်မဟောသဓာက မိန့်တော်မူ သည် ။


သြဂတ်စ်လ ၃၀ ရက်နေ့တွင် ကျရောက်သော ဆရာတော် ဘုရားကြီး ၏မွေးနေ့ တွင်  ကျန်းမာရေး အထောက်အပံ့ ဖြစ်စေရန်  အနန္တငါးပါး အပါအဝင် ကျေးဇူးတော်ရှင် ဆရာတော်၏ ဂုဏ်ကျေးဇူးတရားကို ပူဇော် ကျေးဇူးဆပ်မှု တစ်ခု ဖြစ်စေရန် အင်္ဂလန် အောက်စဖိုဒ့် ဆရာတော် ဘဒ္ဒ န္တ ဓမ္မသာမိ ဦးဆောင်ပြီး ကျင်းပခဲ့ကြောင်း အရှင်မဟောသဓာက မိန့်တော်မူ သည် ။


“ အင်္ဂလန် အောက်စ်ဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒ န္တ ဓမ္မသာမိ ဆရာတော် ဓမ္မသာမိ ဦးဆောင်ပြီး မွေးနေ့မင်္ဂလာပွဲ ကျင်းပတာ ကိုယ့်လူမျိုး အတွက် ကော  ကိုယ့် သာသနာ အတွက် ဂုဏ်ယူဝမ်းသာ ပီတိ ဖြစ်မိကြောင်း ”  နမ့်ခုံး သျှမ်းပရဟိတ နယ်လှည့် တာဝန်ခံ နန်းခမ်းအေး က ပြောသည် ။


၂၇ ရက် နေ့မှ ၃၀ ရက်နေ့ အထိ ကျင်းပမည့် မွေးနေ့ မင်္ဂလာ ပွဲတော်တွင် ည စဉ်ညတိုင်း မိုင်းကိုင်မြို့ မွေတော် ရွှေမြင်ထင် စေတီ ဘုရားကြီး ကျောင်းတိုက် ဆရာတော် ဘဒ္ဒ န္တရေဝတ ၊ တောင်တန်း သာသနာပြု ဆရာတော် ဘဒ္ဒ န္တ သုခမိန္ဒ ( စဝ်သုခမ်း) နှင့် အင်္ဂလန် အောက်စ်ဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက် တာ ဘဒ္ဒ န္တ  ဓမ္မသာမိ တို့မှ တရားတော်များေ ဒသနာ ဟောကြားမည် ဖြစ်ကြောင်း လည်း  အရှင် မဟော်သဓာက မိန့်တော်မူ သည် ။


ဆရာတော် ဘုရားကြီးသည် ဝေဠုဝန် ပရိယတ္တိ စာသင်တိုက်၌ မဟာနာယက ၊ မြို့နယ် သံယနာယဂ အဖွဲ့ ၊ ပရိ ယတ္တိစာမေး / ပြန်ပွဲများ၏ သြဝါဒစရိယ  ၊ ပါဠိနှင့် ပုစ္ဆာဝိသောဓက ၊ ဝိနယဂရုက ၊ ဂန္ထကာရက ကျမ်းပြု ဆရာတော် ဖြစ်ပြီး ဓမ္မာ စရိယ ဘွဲ့တံဆိပ်တော် ၊ မဟာဂ န္ထဝါစကပဏ်ဏ္ဍိတ ဘွဲ့တော် ၊ အဂ္ဂမဟာ ဂ န္ထဝါစကပဏ္ဍိတ ဘွဲ့တော် နှင့် သျှမ်းပြည်နယ် လုံးဆိုင်ရာ သံယာ့ အဖွဲ့ချုပ်မှ ဆက်ကပ်တော်မူသော “အနုနာယက” ဘွဲ့တံဆိပ်တော် ရရှိခဲ့ကြောင်း ဆရာတော်၏ အတ္ထုပတ္တိ စာအုပ်တွင် ဖော်ပြ ထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates