ဒေသခံများအား စစ်ဝတ်စုံဝတ်ပေးပြီး တပ်မတော် စစ်ကြောင်းအား ပွိုင့်ထိုးခိုင်း



ဒေသခံရွာသား ၆ ဦးအား အစိုးရတပ်မတော် စစ်ကြောင်းတခုက ဖမ်းဆီးကာ စစ်ဝတ်စုံများ ၊ လက်နက်များ တပ်ဆင်ပေး၍ ၄င်းတို့နှင့်အတူ ပွိုင့်ဦးထွက်  ခိုင်းခဲ့သည်ဟု မိသားစုဝင် များက ပြောသည် ။


သျှမ်းပြည်တောင်ပိုင်း ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ၊ ဟိုလွယ် ကျေးရွာအုပ်စု ၊ မိုင်းစံရွာ တွင် စက်တင်ဘာ ၁၇ ရက် ၁၁ နာရီခန့်က  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ နမ့်ဇန် အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၂၄၇ တပ်ရင်းမှ မိုင်းစံရွာသား ၆ ဦး အား စစ်ယူနီ ဖေါင်း ၀တ်စေကာ လက်နက်များ ကိုင်စေ၍ စစ်ကြောင်းပွိုင့် ထိုးခိုင်းခြင်း ဖြစ်သည် ။


“ ပေါ်တာဆွဲတယ်လို့ဘဲ ထင်နေတာ ။ ဘယ်ဟုတ်မလဲ စစ်သားလုပ်ခိုင်းတာ ။ သူတို့အစားသေ ပေးဖို့ဘဲလေ ။ တိုက်ခိုက်ခံရမှာစိုးလို့ ရွာသားတွေကို သေနတ်ကိုင်ခိုင်းပြီး ရှေ့သွားလမ်းပြခိုင်း တယ် ” - ဟု လင်းခေးရောက် ဒေသခံ ဒေါ်နန်းအေး ကပြောပြသည် ။


ထို့အပြင် လမ်းသွားလမ်းလာ ပြောက်ကျား ဘောင်းဘီ ၊ ပြောက်ကျားအနွေး ထည် ၀တ်ဆင်ထား သော ရွာသားများအား ဓါးဖြင့်ထောက်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကြောင်း ၊ ဗမာစကား မပြောတတ်သူများ ၊ ကျွမ်းကျွမ်း ကျင်ကျင် မပြောတတ် သူများကိုလည်း ထိုးကြိတ်ရိုက်နှက် ကြောင်း ဒေသခံ ခွန်ထွန်းက ပြောသည် ။


စက်တင်ဘာ ၁၆ ရက်နေ့တွင် ဟိုလွိုင် ကျေးရွာအုပ်စု ကုန်းမလန်း ကျေးရွာ တောင်ဘက်တွင် သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့ နေ့လည် အထိ ပစ်ခတ်သံများ ကြားရကြောင်း နှစ်ဖက်ကျဆုံးမှု အခြေနေကို မသိရှိရသေးကြောင်း ဒေသခံရွာသားများမှ ပြောပြသည် ။


မောက်မယ်မြို့နယ်သည် သျှမ်းပြည်တပ်မတော် RCSS/SSA ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNLO တို့ လှုပ်ရှား သွားလာနေသော နယ်မြေဖြစ်၏ ။ အစိုးရ တပ်မတော်ကလည်း နယ်မြေ ရှင်းလင်းရေး နယ်မြေစိုးမိုးရေး စီမံချက် စစ်ကြောင်း သွားလာလှုပ်ရှားမှုများ သောကြောင့် ရင်ဆိုင်ထိခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည် ။


သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရ တို့သည် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး တည်ဆောက် ထားသည့် တပ်ဖွဲ့ဖြစ်သည် ။


တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးရန် အဆင့်သင့် ဖြစ်နေပြီဟု ထုတ်ပြန် ငြာထားသည် ။ ထိုကြေငြာချက် ထုတ်ပြန်သည့် နောက်ပိုင်း တိုက်ပွဲ ရ ကြိမ် ဖြစ်ပွားခဲ့သည် ။ ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံများ ယခုကဲ့သို့ စစ်ဘေး စစ်ဒဏ် ခံနေရခြင်း ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates