RCSS ဗဟို ကော်မတီဝင် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗမက အောင်မောင်း ကွယ်လွန်
သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းအောင်မောင်း အသက် ၅၁ နှစ်သည် အသဲကင် ဆာ ရောဂါဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ကွယ်လွန် ခဲ့ပါသည် ။
ချင်းမိုင်ရမ်း ဆေးရုံကြီးတွင် သြဂတ်စ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ကွယ်လွန် ခဲ့ပါသည် ။ ကျန်ရှိ ရုပ်အလောင်းအား ၀ပ်ကူတောက် ဘုန်းကြီးကျောင်းတွင် ထားရှိပြီး စက်တင်ဘာလ ၃ ရက် နေ့တွင် ဆန်တိထမ်း သုသာန်၌ မီးသဂြိုဟ်မည် ဖြစ်သည် ။
ABSDF ကျောင်းသား တပ်မတော်မှ စစ်သင်တန်း ဆင်းသည့် ဗိုလ်မှူးကြီး အောင်မောင်းသည် မိုးကောင်းမြို့နယ် နတ်ကြီးကုန်း ဇာတိ သျှမ်းနီ အမျိုးသား တဦး ဖြစ်ပါသည် ။ ၁၉၆၄ တွင် မွေးဖွား ခဲ့သည် ။ မွေးချင်း ညီအကို ၂ ဦး ရှိပါသည် ။ ကျန်ရစ်သူ မိသားစုမှာ သျှမ်းပြည် တောင်ပိုင်းတွင် နေထိုင် ပါသည် ။
၁၉၈၈ မန္တလေး တက္ကသိုလ်တွင် စိတ်ပညာ အဓိက ဘာသာရပ်ဖြင့် တတိယနှစ် ကျောင်းတက် နေစဉ် ကျောင်းသား အရေး အခင်းတွင် ပါဝင်ခဲ့ပြီး နောက် ABSDF ကျောင်းသား တပ်မတော် သို့ ဝင်ရောက် အမှု ထမ်းရာ ၁၉၉၈ ခုနှစ်မှ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီသို့ ရောက်ရှိ အမှုထမ်း ခဲ့ပါသည် ။
၂၀၁၁ ခုနှစ် မြန်မာ အစိုးရက တိုင်းရင်းသား များထံသို့ အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်း လှမ်းရာတွင် RCSS/SSA ကိုယ်စားလှယ် အဖွဲ့အား ဦးဆောင်ကာ အစိုးရနှင့် ဆွေးနွေး ခဲ့ပါသည် ။ ကွယ်လွန်ချိန် အထိ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းတွင် တာဝန်ထမ်း ဆောင် နေသည့် ပုဂ္ဂိုလ် ဖြစ်ပါသည် ။
Tags: General, News



